close

ရေးမြို့နယ် မော့ကနင် ရွာစည်ပင်ဂိတ် မီးရှို့ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြောက်ပိုင်းမော့ကနင်ကျေးရွာ၊ ကျိုက်ကော့စိန်ရှိ စည်ပင်ဂိတ်ကို မီးရှို့ပြီး လက်နက်ငယ် ၁၅ ချက်လောက် ပစ်ဖောက်ခဲ့တယ်လို့  ရေး PDF မြောက်ပိုင်းအဖွဲ့က  ပြောပါတယ်။

နိုဝင်ဘာ ၄ ရက် နေ့လယ်က ဒေသခံလူငယ်နှစ်ယောက်ဖြစ်တဲ့ မောင်ညီညီနဲ့ မောင်ကြောင်မဲကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာကြောင့် နိုဝင်ဘာ ၄ ရက်  ည ၇ နာရီလောက် စည်ပင်ဂိတ်ကို မီးရှို့တာလို့ ဆိုပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရတဲ့သူ ၂ ဦးကို ချက်ချင်း ပြန်လွှတ်ပေးဖို့၊ မလွှတ်ပေးခဲ့ပါက စစ်ကောင်စီနဲ့ ပတ်သက်တဲ့ N၀n CDM သမားတွေကို အချိန်မရွေး ကွပ်မျက်သွားမယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့က အသိပေးထားပါတယ်။

စစ်ကောင်စီနဲ့ ဆက်နွှယ်သူ သတင်းပေးလို့ ယူဆရသူ ဦးဇော်ဝင်းလည်း နိုဝင်ဘာ ၄  ရက် မနက်က နေအိမ်မှာ သေနတ် ၅ ချက် နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီရဲ့လက်အောက်ခံ လက်ရှိ ရာထူးကနေ အားလုံး နုတ်ထွက်ပေးကြဖို့ ရေးမြို့ ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က နိုဝင်ဘာ  ၃ ရက်မှာ သတိပေးထားပါတယ်။

မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်နဲ့  ကျေးရွာအုပ်စု ၄၄ အုပ်စုက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီက ခန့်အပ်ထားပေမဲ့ အုပ်ချုပ်ရေးမှူးရုံးအများစု ယာယီပိတ်ထားကြပါတယ်။

ရေး PDF အထူးတပ်ဖွဲ့ဟာ အုပ်ချုပ်ရေးမှူးတွေနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေကို လုပ်ကြံသတ်ဖြတ် ဗုံးခွဲတိုက်ခိုက်တာတွေ ပြုလုပ်ထားပြီး ထိခိုက် ဒဏ်ရာရ သေဆုံးတာတွေကိုတော့ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up