close

ချမ်းမြသာစည်မြို့နယ်၌ ဗုံးပေါက်ကွဲပြီး လူ ၂ ဦး သေဆုံး

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန် - မန္တလေး စက်ဘီးဆိုင်ကယ်လမ်းနဲ့ သိပ္ပံလမ်းအနီးမှာ မတ်လ ၁၄ ရက် ညနေ ၆ နာရီကျော်လောက်က  ဗုံးပေါက်ကွဲပြီး လူ ၂ ဦးသေဆုံးခဲ့ပါတယ်။

ဆိုင်ကယ် Tool Box အတွင်းက ပေါက်ကွဲပြီး အမျိုးသား ၂ ယောက်လုံး  သေဆုံးခဲ့ကာ တစ်ဦးမှာ အပိုင်းပိုင်း ပြတ်သွားတယ်လို့ သိရပါတယ်။

“သေဆုံးတဲ့ ရုပ်အလောင်းတွေကို လူမှုကူညီရေးအသင်းတွေ ကောက်ခွင့်ပေးမထားဘူး။ နောက်ပြီး အဲ့ဒီနားကို လမ်းပိတ်ထားတယ်။” လို့ လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူ က ပြောပါတယ်။

အောင်မြေသာစံမြို့နယ် ၁၂လမ်း နဲ့ လမ်း ၈၀ အနီးမှာလည်း မနေ့ ည ၇ နာရီလောက်က လက်လုပ်မိုင်းတစ်လုံး ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးတာ မရှိခဲ့ပါဘူး။

ဒါ့အပြင် မကြာခဏ ဗုံးနဲ့ ပစ်ခံနေရတဲ့ မဟာအောင်မြေမြို့နယ် ၃၆လမ်း၊ ၆၉ လမ်း နဲ့ ၇၀ ကြားရှိ စည်ပင်ဝန်ထမ်းအိမ်ရာမှာလည်း ည ၈ နာရီကျော်က  ပေါက်ကွဲခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up