“ဒီစစ်ပွဲက ပူတင်ဖန်တီးတဲ့စစ်ပွဲ၊ သူရပ်ရမယ်။ ….နေတိုးဝင်ရင် ရှုပ်ကုန်မယ်” နေတိုးအကြီးအကဲ

နေတိုးအဖွဲ့အနေနဲ့ ယူကရိန်းစစ်ပွဲ နောက်ထပ်အရှိန်မြှင့်လာမှုကို ရပ်တန့်ဖို့ ဆုံးဖြတ်ထားကြောင်း နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှုး ယန်းစတိုလ်တန်ဘတ်ဂ်က မတ် ၁၇ ရက်နေ့မှာ ပြောပါတယ်။
နောက်ထပ် စစ်ပွဲအရှိန်မြင့်လာမှုကို ဟန့်တားဖို့ နေတိုးမှာ တာဝန်ရှိကြောင်း၊ နေတိုးက ဝင်ရောက် ဟန့်တားရပြီ ဆိုရင်လည်း သေဆုံးမှုတွေနဲ့ ပျက်စီးမှုတွေ များပြားမှာမို့ အန္တရာယ်များလှကြေင်း ဂျာမနီဝန်ကြီးချုပ်နဲ့အတူ ဘာလင်မြို့ သတင်းစာရှင်းလင်းပွဲမှာ စတိုလ်တန်ဘတ်ဂ်က ပြောခဲ့တာပါ။
“ဒီစစ်ပွဲက ပူတင်ဖန်တီးတဲ့ စစ်ပွဲ၊ သူ ရပ်ရမယ်။ သူ့တပ်တွေ ပြန်ရုပ်ပြီး သံတမန်နည်းနဲ့ အဖြေရှာရမယ်။ နေတိုးဝင်ရင် ရှုပ်ကုန်မယ်” လို့ သတိပေးခဲ့တာပါ။
ဂျာမဏီဝန်ကြီးချုပ် အိုလစ်ဖ်ရှို့ဇ်ကလည်း ရုရှားသမ္မတပူတင်နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး စစ်ပွဲရပ်ရေး သံတမန်နည်းလမ်းနဲ့ ကြိုးပမ်းနေမှုတွေကို ကြိုဆိုပြီး စောင့်ကြည့်နေကြောင်း ပြောပါတယ်။