ယူကရိန်းစစ်ပွဲ အဆုံးသတ်ပြီး ရုရှားတပ်များ ပြန်ဆုတ်ရန် နေတိုးအကြီးအကဲ ပြော

ယူကရိန်းစစ်ပွဲ အဆုံးသတ်ပြီး ရုရုားတပ်တွေ ပြန်ဆုတ်ခွာဖို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ အကြီးအကဲ ယန်းစတော့တန်ဘာ့ဂ်က ရုရှားကို မတ်လ ၁ ရက်နေ့က ဆော်ဩလိုက်ပါတယ်။
ပိုလန်နိုင်ငံက လက်စ်ခ် လေတပ်အခြေစိုက်စခန်းမှာ ပိုလန်သမ္မတနဲ့အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း စတော့တန်ဘာ့ဂ်က ခုလို ပြောလိုက်တာပါ။
မဟာမိတ်တွေဟာ ယူကရိန်းကို တခြားနည်းလမ်းတွေနဲ့ ထောက်ပံ့နေချိန်မှာ နေတိုးကတော့ ပဋိပက္ခရဲ့ အစိတ်အပိုင်း ဖြစ်လာမှာ မလိုလားလို့ တပ်တွေနဲ့ တိုက်လေယာဉ်တွေ ယူကရိန်းကို ပို့ပေးမှာ မဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။
"နေတိုးဟာ ခုခံကာကွယ်ဖို့ မဟာမိတ်ပါ၊ ရုရှားနဲ့ ပဋိပက္ခဖြစ်ဖို့ နည်းလမ်းမရှာဘူး။" လို့လည်း စတော့တန်ဘာ့ဂ်က ပြောခဲ့ပါတယ်။