close

ထိုင်းနိုင်ငံ၌ တရားမဝင်မြန်မာအလုပ်သမား ၁၀၀ ကျော် ထပ်မံဖမ်းဆီးခံရ

Photo : กองทัพบก Royal Thai Army

ထိုင်းနိုင်ငံ၊ ကန်ကျနပူရီနဲ့ ပရကျူပ်ခီရီခန်ခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀၁ ဦး ဖမ်းဆီးရမိတယ်လို့  ထိုင်းတပ်မတော်သတင်းမှာ ဖော်ပြပါတယ်။ 

မတ်လ ၁၉ ရက် မွန်းလွဲ ၁ နာရီမှ မတ်လ ၂၀ ရက် မွန်းလွဲ ၁ နာရီအထိ ၂၄ နာရီ  အတွင်း ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီနဲ့ အနောက်ပိုင်း ပရကျူပ်ခီရီခန်စတဲ့ ခရိုင် ၂ ခုထဲမှာ ဖမ်းမိတာလို့ ဆိုပါတယ်။

ကန်ကျနပူရီမြို့နယ် ဘန့်ကောင်အုပ်စု ဖူးနမ့်ရွန့်ကျေးရွာနားမှာ အမျိုးသားအယောက် ၂၀၊ အမျိုးသမီး ၁၅ ဦး၊ လမ်းပြ ၃ ဦးကို ကား ၃ စီးနဲ့အတူ ဖမ်းဆီးရမိကြောင်း၊ ပရကျူပ်ခီရီခန်မှာတော့ ပရကျူပ်ခီရီခန်မြို့နယ် ဟွေ့ဆိုင်းအုပ်စု ပုန်ကစ်ကျေးရွာနားမှာ အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၁၃ ဦးတို့ကို ဖမ်းမိတာလို့ ဆိုပါတယ်။

သူတို့ဟာ မြန်မာပြည် ပဲခူး၊ မော်လမြိုင်၊ ရန်ကုန်၊ မြိတ်၊ ရခိုင်၊ နေပြည်တော်စတဲ့ ဒေသကဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်စခွန်း၊ စမွတ်ပရကန်၊ ဖူးကက်၊ ရယောင်းနဲ့ ကန်ကျနပူရီခရိုင်တွေမှာ အလုပ်လာလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၈၀၀၀ မှ ၂၅၀၀၀ ထိပေးခဲ့ရကြောင်း၊ တာဝန်ရှိသူက သူတို့အားလုံးကို ကိုဗစ်-၁၉ စစ်ဆေးပြီး လဝက ဥပဒေနဲ့ အရေးယူဖို့ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေဆီ ဆက်ပို့ထားတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up