ရုရှားသမ္မတပူတင် ယူကရိန်းကို ကျူးကျော်မှုက အကြီးမားဆုံးအမှားဟု နေတိုးအကြီးအကဲပြော

ရုရှားသမ္မပူတင်ရဲ့ ယူကရိန်းကို ကျူးကျော်မှုဟာ အကြီးမားဆုံး အမှားဖြစ်ပြီး နေတိုး မဟာမိတ်များအနေနဲ့ မျိုးဆက်တခုအတွင်း ကြီးမားတဲ့အကျပ်အတည်းဖြေရှင်းဖို့ တွေ့ဆုံ ဆွေးနွေးနေရတယ်လို့ မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့ (NATO) အထွေထွေအတွင်းရေးမှူး ယန်း စတိုလ်တန်ဘတ်ဂ်က ပြောပါတယ်။
“ပူတင်ဟာ အမှားကြီးကြီးကို လုပ်ခဲ့ပါတယ်။ လွတ်လပ်တဲ့ အချုပ်အခြာနိုင်ငံတနိုင်ငံကို စစ်ပွဲဆင်နွှဲတယ်။ ယူကရိန်းပြည်သူတွေရဲ့ အင်အား၊ ရဲရင့်မှုနဲ့ လက်နက်အင်အားကို သူ လျှော့တွက်ခဲ့တယ်။ အခု သူထင်တာထက်ကိုပိုပြီး ယူကရိန်းတွေ ခုခံနေတာ သူရင်ဆိုင်နေရပြီ” လို့ ပြောပါတယ်။
ဆက်လက်ပြီး “ဒီနေ့ နေတိုးနဲ့ ဥရောပအစည်းအဝေးဟာ အရေးကြီးပြီး ဒီအကျပ်အတည်းအတွက် အတူတကွ ညီညွတ်မှု ပြသခဲ့ပါတယ်။၊ ကျနော်တို့လုံခြုံရေးအတွက် ပိုမိုရင်းနှီးမြှုပ်နှံမယ်၊ ကျနော်တို့ဟာ ကမ္ဘာပေါ်မှာ အင်အားအတောင့်တင်းဆုံး မဟာမိတ်အဖွဲ့ပါ။ ကျနော်တို့ ညီညီညွတ်ညွတ် ရှိနေသမျှ ကျနော်တို့ လုံခြုံနေမှုရှိနေမယ်” လို့ ပြောပါတယ်။
ယူကရိန်းနဲ့ပတ်သက်ပြီး စတိုလ်တန်ဘတ်ဂ်က “ယူကရိန်းကို အဆင့်မြင့်လေကြောင်း ကာကွယ်ရေးစနစ်၊ တင့်ကားဖျက်လက်နက်တွေနဲ့ လက်နက်လောင်စာတွေ ကျနော်တို့ မဟာမိတ်တွေ ပုံအောပေးထားတယ်။ မူအရ နေတိုးတပ်တော့ လွှတ်လို့မရပါဘူး။ စေလွှတ်လိုက်ရင် စစ်ပွဲကြီးကျယ်သွားပြီး သေကျေပျက်စီးမှုတွေ ပိုများသွားမယ်။ အခုဖြစ်နေတာ မျိုးဆက်တဆက်အတွင်း အကြီးမားဆုံး အကျပ်အတည်းပါပဲ” လို့ သတင်းသမားတွေကို ပြောပါတယ်။