ရုရှား-တရုတ် ဆက်ဆံရေး အကောင်းဆုံးအဆင့်ရှိဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော

4
ရုရှားနဲ့ တရုတ်ကြား ဆက်ဆံရေးဟာ အားအကောင်းဆုံးအဆင့်မှာ ရှိနေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်က မတ် ၂၈ ရက်မှာ ပြောပါတယ်။
ယူကရိန်း ပဋိပက္ခကြောင့် အနောက်နိုင်ငံတွေက ရုရှားအစိုးရကို မကြုံစဖူး ဒဏ်ခတ်ပြီး ဖယ်ကြဉ်ထားဖို့ ကြိုးစားနေချိန်မှာ ခုလို ပြောလိုက်တာပါ။
တရုတ်အစိုးရကတော့ ရုရှားနဲ့ စီးပွားရေးနဲ့ကုန်သွယ်ရေး ဖလှယ်မှုတွေ ပုံမှန်အတိုင်း ဆက်ထိန်းသွားမယ်လို့ပြောရင်း ဒဏ်ခတ်ပိတ်ဆို့တာကို ဆန့်ကျင်ကြောင်း ထပ်ခါတလဲလဲ ပြောခဲ့တာပါ။
ဒါ့အပြင် ယူကရိန်းအပေါ် ရုရှားရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချဖို့ကိုလည်း ငြင်းခဲ့ပါတယ်။