close

ဘုတလင်မြို့ပေါ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရှိ  မြို့မရဲစခန်းကို ဧပြီ ၄ ရက် ည ၉ နာရီခွဲလောက်မှာ ဒေသခံပြည်သူ့ကာကွယ်တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဘုတလင်မြို့မရဲစခန်းကို ဘုတလင်နင်ဂျာ၊ ကြေးမုံအဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဘုတလင်ပြည်သူ့ကာကွယ်ရေးနင်ဂျာအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ ဘုတလင်မြို့မရဲစခန်းကို ရှော့ဒုံး ၆ လုံးနဲ့အရင်ပစ်တယ်။ နောက်ထပ် လက်လုပ်လက်နက်ကြီးနဲ့ရော လက်နက်ငယ်ရောပစ်ခတ်ခဲ့တယ်။ (-) အကျအဆုံးကတော့ မသိရသေးဘူး။ သူတို့ဘက်ကလည်း ပြန်ပစ်တာတော့ ရှိတယ်။ ကျနော်တို့က နယ်မြေ ကျွမ်းကျင်တာကို အသုံးချတိုက်ခဲ့တာကြောင့် အထိအခိုက် အကျအဆုံး မရှိခဲ့ဘူး”လို့ ပြောပါတယ်။

ဝင်ရောက်တိုက်ခိုက်ရာမှာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်တာတွေ ရှိနေတာကြောင့် ညအချိန်မှာ ဘယ်မှ မထွက်ရဲ၊ မကြည့်ရဲဘူးလို့ ရဲစခန်းအနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။

ဘုတလင်မြို့ပေါ်နေ ပြည်သူတဦးက “ပစ်ခတ်တာကတော့ ညပိုင်း ၉ နာရီခွဲအချိန်အကြီးဖြစ်တာဗျ။ လက်နက်အသံတွေတော့ ဆူညံနေတာပဲ။ သူတို့အခုလိုပစ်နေတော့ အပြင်လည်း ထွက်မကြည့်ရဲဘူး။ အထိအခိုက် အကျအဆုံးကတော့ အတိကျမသိရသေးဘူး” လို့ ပြောပါတယ်။

ဘုတလင်မြို့ပေါ်မှာ စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဒေသအခေါ်ခုံမင်းကြီး စာသင်ကျောင်းမှာ ပြုလုပ်နေပြီး PDF အဖွဲ့က တိုက်ခိုက်တာတွေပြုလုပ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up