close

ဘန်ကောက်သွားရန် အာလူးတင်ကားပေါ် လိုက်ပါလာသည့် မြန်မာအလုပ်သမား ၇ ဦး ဖမ်းဆီးခံရ

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ကနေ ဘန်ကောက်ကိုသွားတဲ့ အာလူးကုန်တင်ကားပေါ် လိုက်ပါလာတဲ့ တရားမဝင် မြန်မာအလုပ်သမား ၇ ဦး ဒီနေ့မနက်ပိုင်းအစောပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ 

ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မှတဆင့် လူကုန်ကူးသူနဲ့ ချိတ်ဆက်ပြီး ဘန်ကောက်မြို့မှာ အလုပ်လုပ်ဖို့ သွားရောက်စဉ် မဲဆောက်မြို့အထွက် နှစ်မိုင်လောက်အကွာက ထိုင်းစစ်ဆေးရေးစုပေါင်းဂိတ်မှာ ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးခဲ့တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မိုးကာနဲ့ အလုံပိတ်ထားတဲ့ အာလူးတင်ကားအား ထိုင်းလုံခြုံရေးတွေက စစ်ဆေးရာမှ တရားမဝင် မြန်မာအလုပ်သမား ၇ ဦးကို ထိုင်းယာဉ်မောင်း ၁ ဦးနဲ့အတူ  ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၇ ဦးကို ထိုင်းနိုင်ငံတရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။

မြန်မာ-ထိုင်းနယ်စပ် တာ့ခ်ခရိုင်အတွင်း မဲဆောက်အပါအဝင် မြို့နယ် ၅ ခုမှာ တရားမဝင် မြန်မာရွှေပြောင်းအလုပ်သမားတွေကို ထိုင်းလုံခြုံရေးတွေက မကြာခဏ ဖမ်းဆီးမိနေတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up