close

မြစ်ကြီးနားထောင်မှ အကျဥ်းသား ၅ ဦး လွတ်မြောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က မြစ်ကြီးနား အကျဥ်းထောင်ကနေ အာဏာသိမ်းစစ်ကောင်စီရဲ့ မြန်မာနှစ်သစ် နှစ်ဆန်း ၁ ရက်နေ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျဥ်းသား ၅ ဦးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

လွတ်မြောက်လာတဲ့ အကျဥ်းသား ၅ ဦးမှာ မူးယစ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ အကျဥ်းကျနေသူတွေဖြစ်တယ်လို့ မြစ်ကြီးနား အကျဥ်းထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိပါတယ်။

“မနက်က ၅ ယောက်လွတ်တယ်လို့ ကြားတယ်။ မူးယစ်မှုနဲ့ တပ်မတော် Act နဲ့ အကျဥ်းကျနေတဲ့သူတွေတဲ့ ဘိုင်နိမ်းနဲ့ လွတ်လာတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ၅ ‌ယောက်မှာ နှစ်ယောက်က ၁၆(ဂ) မူးယစ်မှုနဲ့ အကျဥ်းကျခံနေရသူတွေဖြစ်ပြီး သုံးယောက်က စစ်ကောင်စီတပ်သား စစ်ရာဇဝတ်မှုကျူးလွန်းပြီး အကျဥ်းကျခံရသူတွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မြစ်ကြီးနား အကျဥ်းထောင်ဟာ ကိုဗစ်ကာလ ကတည်းက အကျဥ်းကျခံနေတဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပိတ်ထားပြီး ပစ္စည်းပို့ခွင့်တော့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။

မြစ်ကြီးနား အကျဥ်းထောင်မှာ အဖမ်းခံထားရတဲ့ အရင်ကချင်ပြည်နယ်အစိုးရဝန်ကြီးတွေနဲ့ နိင်ငံရေးအကျဥ်းသာတွေ နေကောင်းကျန်းမာလျက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိအချိန် မြစ်ကြီးနား အကျဥ်းထောင်မှာ အကျဥ်းသား စုစုပေါင် တစ်ထောင်ဝန်းကျင် အကျဥ်းကျခံနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ နိင်ငံသား အကျဥ်းသား ၁၅၇၇ ဦးနဲ့ နိင်ငံခြားသား အကျဥ်းသား ၄၂ တို့ကို လွှတ််ပေးခဲ့ပါတယ်။ နိုင်ငံတဝန်းအကျဉ်းထောင်အသီးသီးကနေ ဒီနေ့ပြန်လွှတ်ပေးတဲ့အထဲမှာ ဒီဗွီဘီက စုံစမ်းမေးမြန်းချက်အရ နိုင်ငံရေးအကျဉ်းသားတွေ ပါ၀င်တာ မရှိသေးဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up