close

အသက် ၁၁၉ နှစ်ရှိ ကမ္ဘာအသက်ကြီးဆုံး ဂျပန်အမျိုးသမီး ကွယ်လွန်

၂၀ ရာစု အရုဏ်ဦးအချိန်မှာ မွေးခဲ့တဲ့ ဂျပန် အမျိုးသမီးတယောက်ဟာ အသက် ၁၁၉ နှစ်မှာ ကွယ်လွန်သွားခဲ့ပြီး ကမ္ဘာ့အသက်ကြီးဆုံးလို့ ယုံကြည်ရကြောင်း NHK သတင်းဌာနက ဧပြီ ၂၅ ရက်မှာ ပြောပါတယ်။

၁၉၀၃ ခုနှစ်မှာ မွေးခဲ့တဲ့ ခါ့နဲ တာ့နာ့ခါ့ဟာ ကမ္ဘာ့အသက်ကြီးဆုံး သက်ရှိလူသားအဖြစ် ၂၀၁၉ ခုနှစ်တုန်းက ဂင်းနစ် ကမ္ဘာ့စံချိန်မှာ မှတ်တမ်းဝင်ခဲ့ပါတယ်။

 သူဟာ ဂျပန်အနောက်ပိုင်း ဖုခုအိုခါ့ မြို့က ဆေးရုံမှာ ဧပြီ ၁၉ ရက်က ကွယ်လွန်သွားခဲ့တယ်လို့ NHK က ပြောပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မသိရဘဲ သူဟာ အသက်ရှင်ချိန်က ချော့ကလက်နဲ့ အချိုရည်တွေကို ကြိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ လူဦးရေ နည်းပါးလာနေပြီး သက်ကြီးလူဦးရေကတော့ တိုးပွားလာနေတာပါ။

နိုင်ငံအတွင်း အသက်ရာကျော်ရှည်သူ ၈၆,၅၁၀ ယောက်ရှိပြီး သူတို့ထဲက ၁၀ ယောက်မှာ ၉ ယောက်က အမျိုးသမီးတွေပါ။ 

လက်ရှိမှာ အသက်ရှင်လျက်ရှိသူ အသက်အကြီးဆုံး အမျိုးသမီးကတော့ ပြင်သစ် သီလရှင် လူစီဟန်ဒွန် ဖြစ်ပြီး အသက် ၁၁၈ နှစ် ရှိပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up