ပြင်သစ်သမ္မတအဖြစ် မက်ခရွန်ပြန်ရွေးခံရမှုအပေါ် ဝမ်းမြောက်ကြောင်း အမေရိကန်သမ္မတပြော

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် ပြန်လည်ရွေးချယ်ခံရတဲ့အတွက် ဝမ်းသာတဲ့အကြောင်း အမေရိကန် သမ္မတ ဘိုင်ဒင်က ဧပြီ ၂၅ ရက်နေ့မှာ ပြောပါတယ်။
ပြင်သစ် ရွေးကောက်ပွဲရလဒ်အတွက် စိတ်ကျေနပ်ရပါတယ်လို့ ဘိုင်ဒင်က သတင်းထောက်တွေ ကို ပြောပါတယ်။
ဧပြီ ၂၅ ရက်နေ့ ရွေးကောက်ပွဲမှာ ပြင်သစ်သမ္မတဟာ လက်ယာစွန်း ပြိုင်ဘက် မာရင်း လီပန်းကို အနိုင်ရလိုက်တာပါ။
အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ ယူကရိန်းကိုသွားပြီး သမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့တာကို သတင်းထောက်တွေက မေးမြန်းတဲ့အခါမှာလည်း သမ္မတက ကောင်းမွန်ပါတယ်လို့ ခပ်တိုတိုပဲ ပြန်ဖြေသွားပါတယ်။
အမေရိကန်ဝန်ကြီးတွေရဲ့ ယူကရိန်းခရီးစဉ်ဟာ အနောက်နိုင်ငံတွေက ယူကရိန်းကို ထောက်ခံကြောင်း ပြသဖို့ ဖြစ်သလို ယူကရိန်းနဲ့ ဒေသတွင်း နိုင်ငံတွေအတွက် နောက်ထပ် ဒေါ်လာ ၇၁၃ ဘီလီယံ အကူအညီကိုလည်း ကတိပြုခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး အော်စတင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်တို့နဲ့ ယူကရိန်း ခရီးစဉ်ကိစ္စ မကြာခင်မှာ ဆွေးနွေးဖို့ ရှိတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောသွားပါတယ်။