close

ဂျေရုစလင်မြို့တွင် ဗလီကို ကျောက်ခဲဖြင့်ပစ်သည့် ပါလက်စတိုင်းလူငယ်များကို အစ္စရေးလ်ရဲ ပစ်ခတ်လူစုခွဲ

ဂျေရုဆလင်မြို့ အယ်လ်အက်ဆာဗလီမှာ ကျောက်ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ ပါလက်စတိုင်း လူငယ်တွေကို ဧပြီ ၂၉ ရက်မှာ အစ္စရေးလ်ရဲတွေက ရာဘာကျည်ဆန်တွေ၊ အသံဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။

ဒါဟာ မွတ်စလင်တွေနဲ့ ဂျူးတွေ ကြည်ညိုလေးစားတဲ့နေရာမှာ နောက်ဆုံးဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုပါ။

အစ္စလာမ်ဘာသာရဲ့ တတိယ အမြတ်ဆုံးနေရာမှာ မနက်အစောပိုင်း ရုန်းရင်းဆန်ခတ်မှုအတွင်း ပါလက်စတိုင်း ၁၂ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ ပါလက်စတိုင်း လခြမ်းနီအသင်းက ပြောပါတယ်။

ဂျူးလူမျိုး ဝတ်ပြုသူတွေ စုနေတဲ့ အနောက်ဘက်တံတိုင်း အပါအဝင် နေရာတွေကို ရာချီတဲ့လူတွေက ကျောက်ခဲတွေ၊ မီးပန်းတွေနဲ့ ပစ်ခတ်ခဲ့လို့ ကြားဖြတ် တားခဲ့ရတာလို့ အစ္စရေးလ်ရဲတွေက ပြောပါတယ်။

အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက် ဥပဒေမဲ့ အဓိကရုဏ်းသမားတွေကို ပြတ်ပြတ်သားသား ဆက်ပြီး အရေးယူသွားမယ်လို့ ရဲတွေက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီလထဲ ဗလီမှာ နေ့တိုင်းနီးပါး ထိပ်တိုက်တွေ့နေတာပါ။ ဒီနှစ်မှာ မွတ်စလင်တွေရဲ့ ရာမာဒန် ဥပုသ်လဟာ ဂျူးဘာသာဝင်တွေရဲ့ ကျွန်ဘဝက လွတ်မြောက်မှု အထိမ်းအမှတ်ပွဲတော်နဲ့ တိုက်ဆိုင်နေတာပါ။ ဒါကြောင့် ဂျေရုဆလင်မြို့ဟောင်းထဲမှာ မွတ်စလင်နဲ့ ဂျူးတွေ ထောင်သောင်းချီ ရောက်နေလို့ ရဲအင်အား အကြီးအကျယ် ချထားရပါတယ်။

လာမယ့်သီတင်းပတ်မှာ ရာမာဒန်ဥပုသ်လ ပြီးဆုံးပြီး  ဥပုသ်လရဲ့ နောက်ဆုံး သောကြာနေ့မှာ အယ်လ်အက်ဆာဗလီမှာ လူအုပ်ကြီးတွေ အကြီးအကျယ် စုဝေးလေ့ရှိတာ မကြာမကြာ တွေ့ရတတ်တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up