close

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦး သေ၊ ၃ ဦး အပြင်းအထန်ဒဏ်ရာရ

ကယားပြည်နယ်၊ ဒီး​မော့ဆိုမြို့နယ်၊ မြို့မရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ဧပြီ ၂၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး ၃ ယောက် အပြင်းအထန်ဒဏ်ရာ ရခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီ ၃၀ ရက် မနက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ မြို့မရပ်ကွက်ကို စစ်​ကြောင်းထိုးလာတာကြောင့် ပြည်သူ့ကာကွယ်​ရေးတပ်- ဒီး​မော့ဆို(DMO-Local PDF)တပ်ဖွဲ့ ဗျူဟာ(၃)မှ C ,D, E တပ်ရင်းရဲ့ တပ်ခွဲတချို့နဲ့ အလယ်ပိုင်းတိုင်း(၁၁၀၂)တပ်ရင်းမှ တပ်ခွဲတချို့တို့နဲ့   ထိ​တွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

မနက် ၁၀ နာရီကနေ ၁၁ နာရီထိ ၁ ​နာရီလောက်ကြာ​အောင် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူး​ပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု မရှိ ​ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up