close

ကျောမြို့နယ်တွင် စစ်ကောင်စီတပ်သား ၁၅ ဦး မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံး

မကွေးတိုင်း၊ ကျောမြို့နယ် အရှေ့ဘက်ရှိ သစ်တောဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီ ၃၀ ရက် မနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့  ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF ထံက သိရပါတယ်။ 

YDFတပ်ဖွဲ့ တာဝန်ခံက "အဲ့ဒီသစ်တောစစ်ဆေးရေးဂိတ်ကို မနက်အစောပိုင်း ၄ နာရီဝန်းကျင်မှာ သွားရောက် တိုက်ခိုက်ခဲ့တာ ထိခိုက်ကျဆုံးမှုရှိနိုင်ပေမဲ့  အတည်ပြုလို့မရခဲ့ဘူး။ အမြန်‌ ဆုတ်ခွာခဲ့ရတယ်။ သစ်တောဂိတ်ကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲ အပြီးမှာ စစ်‌ကောင်စီတပ်သားတွေဟာ ကျောမြို့ လက်နက်ပစ္စည်း ထုတ်လုပ်ရေးတပ် (ကပစ၂၃)ကနေ FAW စစ်ကားတွေနဲ့ ထွက်ခွာခဲ့တယ်လို့သတင်းရလို့ YDF တပ်ဖွဲ့ဝင်တွေက  သစ်တောဂိတ်အနီး ရိုးပြာထိပ်နားမှာ ကြိုတင်ပြင်ဆင်‌‌စောင့်ပြီး ရှေ့ထွက်မိုင်း ၈ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ယောက်ကျဆုံးကာ  ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

"သူတို့ ကပစ ၂၃ ကနေ ထွက်လာတယ်လို့သတင်းရလို့ ရိုးပြာထိပ်နားမှာ အသင့်ပြင်ဆင် စောင့်ဆိုင်းပြီး ရှေ့ထွက်မိုင်းတွေနဲ့ မိုင်းဆွဲခဲ့ကြတာ သူတို့စီးလာတဲ့ Faw ကားလည်း ပျက်စီးသွားတယ်။ မိုင်းမိပြီး စစ်သားတွေ အတုံးအရုံးပဲ သေကြတာ။ ဒဏ်ရာတွေလည်း တော်တော်များများ ရကြတယ်လို့" YDF ခေါင်းဆောင်က ပြောပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်စဉ် နှစ်ခုစလုံးမှာ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်ကျဆုံးမရှိဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်ပွားရာအနီး တလျှောက်မှာ တောနင်းနေပြီး စစ်ကြောင်းထိုး နေတာကြောင့် အနီးအနားရှိပတ်ဝန်းကျင်ကဒေသခံ မိဘပြည်သူတွေ သတိထား နေထိုင်ကြဖို့နဲ့ စစ်ကောင်စီတပ်သားတွေကို ထိပ်တိုက်မတွေ့ကြဖို့ကိုလည်း YDFက အသိပေးထုတ်ပြန်ထားပါတယ်။

ဧပြီ ၂၇ ရက်ကလည်း  ပုံညာတောင်ဘက်ကနေ ရေချိုးဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို YDF တပ်ဖွဲ့က  စောင့်ကြို ဗုံးခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၆ ယောက်လောက် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up