ဟူနန်ပြည်နယ်ရှိ ပြိုကျအဆောက်အအုံထဲ ပိတ်မိသူများအား ကယ်ဆယ်ရေး သမ္မတအမိန့်ပေး

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်ထဲမှာ ပြိုကျသွားတဲ့ အဆောက်အအုံထဲ ပိတ်မိနေသူတွေ ကို ကယ်ထုတ်နိုင်ဖို့ သက်ဆိုင်ရာဌာနတွေကို သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် အမိန့်ပေးထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အပြိုအပျက်တွေထဲ ပိတ်မိနေသူတွေကို ရှာဖွေဖို့၊ ဒဏ်ရာရသူတွေကို ဆေးကုဖို့နဲ့ လိုအပ်တဲ့ နောက်ဆက်တွဲ ကိစ္စတွေကို ဆောင်ရွက်ကြဖို့ တရုတ်သမ္မတက အမိန့်ပေးထားပါတယ်။
ရှာဖွေကယ်ဆယ်ရေး လုပ်နေတဲ့အချိန်မှာ နောက်ဆက်တွဲ ပြိုကျတာ မဖြစ်ရအောင်လည်း စနစ်တကျ ဆောင်ရွက်ဖို့လည်း မှာကြားထားတယ်လို့ ဆိုပါတယ်။
ဧပြီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းလောက် ပြည်နယ်ရဲ့ မြို့တော်မှာ အဆောက်အအုံပြိုျေခဲ့ပြီး အပြိုအပျက်တွေထဲ လူဒါဇင်နဲ့ချီပြီး ပိတ်မိခဲ့ပါတယ်။
တရုတ်နိုင်ငံတဝန်းမှာ ဒီလိုမျိုး ကိုယ့်နည်းကိုယ်ဟန်နဲ့ ဆောက်ထားတဲ့ အဆောက်အအုံတွေ ပြိုကျတာဟာ ဒီနှစ်တွေအတွင်းမှာ ပုံမှန်လို ဖြစ်နေပြီး လူအသေအပျောက်လည်း ရှိနေတာပါ။
အခု အဆောက်အအုံ ပြိုကျရတဲ့အကြောင်းကို သေချာစုံစမ်းပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့၊ ဒီကိစ္စမျိုးတွေ နောင်မဖြစ်အောင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အဆောက်အအုံတွေရဲ့ အရည်အသွေးတွေကို စစ်ဆေးဖို့လည်း သမ္မတ ရှီက တိုက်တွန်းထားပါတယ်။