ဘုတလင်မြို့နယ်တွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ တလိုင်းချောင်းအနီးမှာ မေ ၂ ရက် မနက် ၉ နာရီလောက်ကစပြီး အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲကတော့ အုန်းအုန်း ဒိုင်းဒိုင်း နဲ့ ဖြစ်နေကြတာ။ အသံကတော့ ဘုတလင်-စိုင်းပြင် သွားလမ်းက ဘုန်ကြီးလမ်ခွဲ၊ တောင်ကလပ်ကျောင်းနားမှာ ဖြစ်နေကြတာ။ မနေ့ကလည်း ဘုတလင်မြို့ပေါ်က ဆိုင်တွေ ပိတ်ခိုင်းတယ်။ အခုထိ တိုက်ပွဲက ဖြစ်နေကြသေးတယ်”လို့ ဘုတလင်မြို့ခံတဦးက ပြောပါတယ်။
ဘုတလင်ပြည်သူကာကွယ်အဖွဲ့ဝင်တဦးက “စစခြင်း ကျနော်တို့ ဘက်က မိုင်းတွေ၊ လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တာ။ ၅ ယောက် ကတော့ သေတယ်လို့ အတိကျပြောလိုရမယ်။ အလောင်း ကောက်သွားတာတွေကို မျက်မြင်တွေ့ လိုက်ရတယ်။ ကျနော်တို့ဘက်က အကျအဆုံးကိုတော့ မစိစစ်ရသေးဘူး။ လတ်တလော တယောက်ကျည်ထိထားတယ်။”လို့ ပြောပါတယ်။
အခုချိန်ထိ ဘုတလင်မြို့က တိုက်ပွဲဟာ ပြီးဆုံးမှု မရှိသေးဘဲ နှစ်ဘက်တင်းမာနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေကတော့ ဘုတလင်မြို့က ဘုန်ကြီးကျောင်း တခုမှာ တပ်စွဲနေတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျဆုံးအထိခိုက်တွေလည်း များနေတယ်လို့ ဒေသခံ PDF တွေက ပြောပေမဲ့ ဒီဗွီဘီ သီးခြားအတည်မပြုနိုင်သေးပါဘူး။