စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ အဆောက်အအုံ ၁ ခုတွင် ပေါက်ကွဲမှုဖြစ်ပြီး ၁၇ ဦးဒဏ်ရာရ

3
စပိန်နိုင်ငံ မက်ဒရစ်မြို့လယ်မှာ ပြန်လည်ပြင်ဆင်နေတဲ့အဆောက်အုံတခုအတွင်းမှာ မနေ့က ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပြီး လူ ၁၇ ယောက်ထက် မနည်း ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အထဲမှာ ပိတ်မိနေသူတွေ ရှိနိုင်တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လုပ်ခဲ့ရပါတယ်။ လူ လေးယောက်ကို ဆေးရုံတင်လိုက်ရပြီး၊ တယောက်ရဲ့ အခြေအနေကတော့ စိုးရိမ်ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးပါဘူး။