close

ကဘူးလ်မြို့ရှိ ဗလီတွင် ပေါက်ကွဲမှုဖြစ်ပြီး လူ ၅၀ ထက်မနည်း သေဆုံး

ကဘူးလ်မြို့က ခါလီဖာ ဆာဟစ် ဗလီမှာ ဧပြီ ၂၉ ရက်နေ့က ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပြီး လူ ၅၀ ထက် မနည်းသေဆုံးသွားပါတယ်။ 

ပေါက်ကွဲမှုဖြစ်ပြီး ရိုက်ကူးထားတဲ့ ဗွီဒီယိုမှာ အလောင်းတွေ ပုံထားတာ၊ အပျက်အစီးတွေကို တွေ့ရပါတယ်။  

ပေါက်ကွဲမှုကြောင့် လူ ၅၀ ကျော် သေဆုံးသွားတယ်လို့ ဗလီရဲ့အကြီးအကဲ ဆာယိဒ် ဖာဇေးကပြောပါတယ်။ 

ဒါပေမယ့် ဆေးရုံက ကျန်းမာရေး ဝန်ထမ်းတယောက်ကတော့ အလောင်း ၆၆ ကို လက်ခံရရှိပြီး ဒဏ်ရာနဲ့ ၇၈ ယောက် ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ ပြောပါတယ်။ 

အာဖဂန်နစ္စတန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရသူ ဇာဘီဟူလာ မူဂျာဟစ်က ဖောက်ခွဲတဲ့ လက်သည်တွေကို ဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ 

ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာတော့ မသိရသေးပါဘူး။ 

အာဖဂန်နစ္စတန်မှာ ဒီရက်သတ္တပတ်တွေအတွင်းမှာ ပေါက်ကွဲမှုတွေကြောင့်လူတွေ တော်တော် များများ သေဆုံးခဲ့ရပြီး တချို့ ဖောက်ခွဲမှုတွေကို Islamic State အဖွဲ့က သူတို့ လက်ချက်လို့ ကြေညာခဲ့ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up