close

မြန်အောင်မြို့တွင် CDM ပညာရေးဝန်ထမ်းတဦး၏ နေအိမ် ချိပ်ပိတ်ခံရ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှာ မေ ၅ ရက်နေ့က ပညာရေး CDM ဝန်ထမ်းတဦးရဲ့နေအိမ်ကို စစ်ကောင်စီ တပ်သားတွေက လာရောက်ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။ 

ပညာရေး CDM ဝန်ထမ်း ကိုပြည်ဖြိုးရဲ့ နေအိမ်အပါဝင် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃ လုံးကို စစ်ကောင်စီ တပ်သား တွေက တနေ့တည်းမှာတင် ချိပ်ပိတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

“အားလုံးချိပ်ပိတ်ခံရတာ ၃ လုံး ဘာလို့လဲဆိုတာတော့ သေချာမပြောတတ်ဘူးဗျ။ ခုက သိတဲ့အတိုင်း သူတို့ ခေတ်ဆိုတော့ အကြောင်းပြချက်ပေးစရာမလိုဘူးလေ၊ မေးလည်း မမေးရဲကြဘူး လုပ်ချင်တိုင်း လုပ်နေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။ 

ပညာရေး CDM ဝန်ထမ်းအပါဝင် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃ လုံးကို ချိပ်ပိတ်တာဟာ PDF တွေကို ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ခုလိုမျိုးလုပ်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

နေအိမ် ချိပ်ပိတ်ခံရတဲ့ ပညာရေး CDM  ဝန်ထမ်းဟာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလထဲက CDM မှာ ပါဝင်ခဲ့သူဖြစ်ပြီး နေအိမ်ကထွက်လာပြီးနောက်ပိုင်း ၈ လကျော်အကြာမှာ ခုလိုစစ်ကောင်စီက ခုလိုချိပ်ပိတ်ခဲ့တာလို့ သိရပါတယ်။ 

PDF တွေကို ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲချက်နဲ့ နေအိမ်တွေကို ချိပ်ပိတ်ခံခဲ့ရသူတွေဟာ အကြမ်းဖက်ဉပဒေတွေနဲ့ အမှုဖွင့်ခံထားရလို့ နေထိုင်ရာမြို့ကနေ တိမ်းရှောင်နေရတဲ့သူတွေလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up