close

ကယန်းလက်ဝှေ့မယ် ဘရော်နီကာက အီရန်ပြိုင်ဘက်ကို ပထမအချီမှာ အလဲထိုးအနိုင်ရ

ထိုင်းနိုင်ငံ၊ နခွန်းရာ့ချ်ဆီမားခရိုင်မှာ  မေလ ၈  ရက် မနေ့ညက ယှဉ်ပြိုင်ထိုးသတ်သွားတဲ့ Thai Fight မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲမှာ ကယန်းကျားသစ်မယ်လို့ လူသိများတဲ့ မြန်မာနိုင်ငံက ကရင်နီ အမျိုးသမီးလက်ဝှေ့သမား ဘရော်နီကာ  (Vero V.Rujirawong)ပြိုင်ဘက် အီရန်နိုင်ငံသူ Sanaz Feizollan ကို အနိုင်ရသွားခဲ့ပါတယ်။

သုံးချီယှဉ်ပြိုင်ထိုးသတ်ရတဲ့ ပြိုင်ပွဲမှာ ပထမအချီ စက္ကန့်ပိုင်းအတွင်းမှာပဲ  ဘရော်နီကာက ပြိုင်ဘက် အီရန်နိုင်ငံသူကို  ဘယ်ညာတွဲလုံးတွေနဲ့ အလဲထိုးအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ခဲ့သူဟာ သူ့ကို စိန်ခေါ်တဲ့ ပြိုင်ဘက်မဟုတ်ဘဲ အစားထိုးလာတဲ့ ပြိုင်ဘက်ဖြစ်တယ်လို့လည်း ဘရော်နီကာက ပြောပါတယ်။

“သူက one ပွဲမှာထိုးတာ၊ ကျနော်က ထိုးခါနီးတရက်မှ သိရတယ်။ ထိုးတဲ့ရက်မှ သူ့နဲ့ထိုးရမှန်း သိတာ၊ ဘာဖြစ်လို့လဲဆိုတော့ အရင်ပြိုင်ဘက်က ဝိတ်မရဘူး။ သူက ကျနော့်ကိုလည်း စိန်ခေါ်တယ်။ သူက ဝိတ်မချနိုင်တော့ ကျနော့်ဆရာက ပေးမထိုးဘူးပေါ့နော်။ နောက် ဒီ one က ကောင်မလေးနဲ့ သူ့ရဲ့အကြောင်းကို မလေ့လာရဘဲနဲ့ ပြိုင်ပွဲ တက်ထိုးတာပေါ့။ ထိုးပြီးမှ သူက one ပဲ ထိုးတယ်လို့ ကြားတယ်။ မွေထိုင်းမှာတော့ သိပ်မတွေ့ရဘူး။ ”

မနေ့ညက ပြိုင်ပွဲ အနိုင်ပြီးမှာတော့ ဘရော်နီကာက ကယန်းအလံကို ကိုင်ပြီး အောင်ပွဲခံသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်ညက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ယှဉ်ပြိုင်ထိုးသတ်သွားတဲ့ Thai Fight မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲမှာလည်း ဘရော်နီကာက ထိုင်းလက်ဝှေ့မယ်  ယင်မ်ဆီရမ်ကို ပထမအချီမှာပဲ အလဲထိုးအနိုင်ရခဲ့ပါတယ်။Thai Fight က ဘရော်နီကာနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုလိုက်ပြီး မြန်မာနိုင်ငံက လက်ဝှေ့သမား တယောက်ကို ပထမဆုံးစာချုပ်ဆို ပုံမှန်ထိုးသတ်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up