close

လှည်းကူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အပတ်စဉ် ၄ အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်

လှည်းကူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ အပတ်စဉ် ၄ ကို မေလ ၉ ရက်နေ့က လွတ်မြောက်နယ်မြေတခုမှာ ပြုလုပ်ခဲ့ပါတယ်။

တစ်လတာသင်ကြားပို့ချပေးခဲ့တဲ့ အခုသင်တန်းဆင်းပွဲမှာ သင်တန်းသား ၂၅ ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ သင်တန်းတာဝန်ရှိသူက ပြောပါတယ်။

သင်တန်းကာလအတွင်း အခြေခံ လက်နက်ငယ် ဖြုတ်တပ်တာ၊ ပစ်ခတ်တာ၊ လက်လုပ်မိုင်းပြုလုပ်တာ၊ ပြောက်ကျားဗျူဟာနဲ့ အခြေခံစစ်တိုက်နည်းအပြင် လျှို့ဝှက်စာ ပေးပို့ဆက်သွယ်နည်း ပညာရပ်တွေကို သင်ကြားပို့ချပေးခဲ့တယ်လို့ ဆိုပါတယ်။

အရင်က သင်တန်းအပတ်စဉ် ၃ ခု ပြုလုပ်ခဲ့ပြီးပြီဖြစ်ကာ သင်တန်းသားတွေကို သစ္စာရေတိုက်ပြီး တော်လှန်ရေးကို အဆုံးထိ ပါဝင်တိုက်တွန်းကြဖို့ သစ္စာဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လွတ်မြောက်နယ်မြေမှာရှိတဲ့ လှည်းကူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းရဲ့အောက်မှာ သင်တန်းဖွင့်လှစ်ပြီး  EAO အဖွဲ့တွေနဲ့ လက်တွဲကာ စစ်ကောင်စီကို ပူးပေါင်းတော်လှန်တိုက်ခိုက်နေတာလို့လည်း သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက် နှိမ်နှင်းလာပြီးတဲ့နောက်မှာတော့ နေရာဒေသအသီးသီးမှာရှိတဲ့ ပြည်သူတွေဟာ လွတ်မြောက်ရာဒေသအသီးသီးကို ထွက်ခွာပြီး အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်တွန်းလှန်ဖို့ စစ်သင်တန်းတွေ တက်ရောက်နေကြတာလည်းဖြစ်ပါတယ်။

သတင်း - အိုးဝေသစ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up