close

ပြင်ဦးလွင်- မန္တလေးအဆင်းတွင် ကားတိမ်းမှောက် မီးလောင်ပြီး လူ ၁၉ ဦး ဒဏ်ရာရ

မန္တလေးမြို့အနီး ပြင်ဦးလွင် - မန္တလေး အဆင်းလမ်း မိုင်တိုင် ၁၆/၃ အနီးမှာ မေလ ၁၄ ရက် ညနေ ၄ နာရီခွဲကျော်က  ကားတစီး တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကာ လူ ၁၉ ယောက်လောက် ထိခိုက် ဒဏ်ရာရသွားပါတယ်။

မတော်တဆဖြစ်ပွားတဲ့ ကားဟာ ISUZU ကားအမျိုးအစားဖြစ်ပြီး CNG ဓာတ်ငွေ့အိုးများတပ်ဆင်ထားကာ ကားပေါ်မှာ လူဦးရေ  အယောက် ၃၀ လောက်  ပါလာတယ်လို့ ကူညီပေးရေးအဖွဲ့ထံကသိရပါတယ်။

ယာဉ်တိမ်းမှောက် မီးလောင်ချိန်မှာ ခရီးသွားပြည်သူတွေက မီးလောင်တဲ့ကားအတွင်းမှ လူနာတွေကို အမိအရထုတ်ယူပေးနိုင်ခဲ့ကြတယ်လို့ ကူညီရာမှာပါဝင်တဲ့ စေတနာမွန် လူမှုကူညီရေးအသင်း(အုန်းချော) က ထုတ်ပြန်ထားပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာတဲ့  အမျိုးသား ၁၂ ယောက် ၊ အမျိုးသမီး ၇ ယောက် စုစုပေါင်း ၁၉ ယောက်  ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

//
Up