close

ကျိုက်လတ်မြို့ ရေယာဥ်ရုံးတွင် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့ ရေယာဥ်ရုံးမှာ မေ ၁၄ ရက် ည ၉ နာရီ မိနစ် ၅၀ လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမှတ် ၅ လမ်းနဲ့ ၆ လမ်းကြားမှာရှိတဲ့ စစ်ကောင်စီထောက်တိုင် ရေယာဥ်ရုံးမှာ မနက်အစောပိုင်း ဗုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

“မနက်ပိုင်းက ဖြစ်သွားတာ၊ ရုံးပိတ်ရက်ဆိုတော့ လူထိတာမျိုးတော့ မရှိဘူး။ စစ်ကောင်စီထောက်တိုင်ရုံးမလို့ ဖောက်ခွဲခံရတာ ထင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး ခဏအကြာမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျိုက်လတ်မြို့ရေယာဥ်ရုံး ဗုံးပေါက်ကွဲမှုကို ဧရာဗေဒါ(ကျိုက်လတ်)နဲ့ ကျိုက်လတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

နောက်ထပ် စစ်ကောင်စီဩဇာခံရဲတွေ စုဝေးနေတဲ့နေရာကို ဖောက်ခွဲဖို့စီစဥ်ထားပေမယ့် ပြည်သူတွေ ဘာသာရေးပွဲတော်သွားလာမှုနဲ့ နီးကပ်နေလို့ စိုးရိမ်ထိခိုက်တာမျိုးမရှိအောင် ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

//
Up