close

အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ်က စီစီပက်စ်ကို အနိုင်ယူဗိုလ်စွဲ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲမှာ ကမ္ဘာ့နံပါတ် ၁ နိုဗက် ဂျိုကိုဗစ်က ကမ္ဘာ့နံပါတ် ၅ စတီဖန်နို စီစီပက်စ်ကို အနိုင်ရသွားပါတယ်။ 

ဆားဗီးယားက ဂျိုကိုဗစ်အတွက် ဂရိက စီစီပက်စ်ကို ၆ ကြိမ် ဆက်တိုက် အနိုင်ရလိုက်တဲ့ ပွဲအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ 

သူတို့ နှစ်ယောက်ဟာ မနှစ်တုန်းက ပြင်သစ်အိုးပင်းဗိုလ်လုပွဲမှာ တွေ့ခဲ့တုန်းကလည်း ဂျိုကိုဗစ်ကပဲ အနိုင်ရခဲ့ပါတယ်။ 

၂၀၁၇ အီတလီ အိုးပင်းချန်ပီယံကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လာတဲ့ စီစီပက်စ်အတွက် ဒီရာသီမှာ ပထမဆုံးဖလားရဖို့ အခွင့်အလမ်းနဲ့ လွဲချော်သွားရပြီ အီတလီ အိုးပင်းဖိုင်နယ်ကို ၁၂ ကြိမ် တက်ဖူးတဲ့  ဂျိုကိုဗစ်အတွက် ၆ လအတွင်း ပထမဆုံးအကြိမ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ပြီဖြစ်ပါတယ်။

//
Up