မက္ကဆီကိုတွင် အုပ်စုဖွဲ့ ရာဇဝတ်မှုများကြောင့် ပျောက်ဆုံးသူ အယောက် ၁ သိန်းကျော်ရှိလာ

မက္ကဆီကိုနိုင်ငံမှာ တရားဝင် စာရင်းသွင်းထားတဲ့ ပျောက်ဆုံးသူဦးရေ အယောက် ၁ သိန်းကျော်သွားပြီ ဆိုတာကို အစိုးရ သတင်းအချက်အလက်တွေက မေ ၁၆ ရက်မှာ ပြထားပါတယ်။
အုပ်စုဖွဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေတဲ့ အကြမ်းဖက်မှု ဓားစာခံတွေကို ရှာတွေ့ဖို့ အာဏာပိုင်တွေက ပိုလုပ်ရေး မိသားစုတွေက တောင်းဆိုခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက ပျောက်ဆုံးသူစာရင်းကို ၁၉၆၄ ခုနှစ်ကနေစပြီး ကာလအလိုက် မွမ်းမံပြင်ဆင်ထားတာပါ။
ပျောက်ဆုံးသူစာရင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ အယောက် ၇၃,၀၀၀ ကနေ ၁ သိန်းကျော်ထိ မြင့်တက်ခဲ့ပြီး ပျောက်ဆုံးသူအများစုက အမျိုးသားတွေ ဖြစ်ပါတယ်။
ပိုပြီး အဆောတလျင် ထိထိရောက်ရောက် ရှာဖွေဖို့နဲ့ စုံစမ်းစစ်ဆေးဖို့ ပျောက်ဆုံးသူတွေရဲ့ မိသားစုတွေနဲ့ လူ့အခွင့်အရေး အုပ်စုတွေက တပ်လှန့်ခဲ့ပြီး အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
သမ္မတဟောင်း ဖိလစ် ကယ်ဒေရွန်က မူးယစ်ကုန်ကူးသူတွေကို တိုက်ဖျက်ရေး လမ်းတွေထဲကို စစ်တပ်လွှတ်ခဲ့ပြီးကတည်းက ၂၀၀၇ ကစပြီး ပျောက်ဆုံးသူ တိုးလာခဲ့ပါတယ်။
အဲဒီအကြမ်းဖက် လှိုင်းလုံးကြီးကို လက်ရှိအစိုးရကပါ ရင်ဆိုင်နေရဆဲပါ။
မက္ကဆီကိုမှာ ရွှေ့ပြောင်းနေထိုင်သူတွေ ပျောက်ဆုံးမှုဟာ ၂၀၂၀ ကနေ ၂၀၂၁ ခုနှစ်အတွင်း လေးဆနီးပါး ခုန်တက်လာတယ်လို့ အရင်အပတ်က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။