close

အယ်လ်ဆာဗေဒိုနိုင်ငံတွင် ဒေါ်လာ ၂ ဒသမ ၂၅ သန်းတန် ကိုကင်းများ သိမ်းဆည်းမိ

အယ်လ်ဆာဗေဒိုနိုင်ငံ၊ လာကွန်ကော်ဒီယာမြို့မှာ ရေယာဉ်တစီးပေါ်ကနေ ကိုကင်း ကီလို ၈၁၀ ကို သိမ်းဆည်းရမိတယ်လို့ ရေတပ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက မေ ၁၉ ရက်မှာ ဖော်ပြပါတယ်။

ဆယ်လ်ဗာဒိုရန် ကမ်းရိုးတန်း အပြင်ဘက် ကီလိုမီတာ ၉၀၀ ကျော်မှာ မထင်မရှား ရေယာဉ်တစီးကို အာဏာပိုင်တွေက မေ ၁၂ ရက်မှာ စစ်ဆေးရာမှာ မူးယစ်ဆေးတွေကို ကုန်တင်နိုင်တဲ့နေရာမှာ ဝှက်ထားတာကို အာဏာပိုင်တွေက ရှာတွေ့ခဲ့တယ်လို့ ရေတပ်က မေ ၁၇ ရက်မှာ ပြောပါတယ်။

ဖမ်းဆီးရမိသူ ၂ ဦးက အီကွေဒေါနိုင်ငံသားတွေဖြစ်ပြီး တယောက်က ကိုလံဘီယာနိုင်ငံသားလို့ အယ်လ်ဆာဗေဒို ကာကွယ်ရေးဝန်ကြီး ဖရန်စစ္စကို မာရီနိုက ပြောပါတယ်။

ဖမ်းဆီးခံအားလုံးကို မူးယစ်ကုန်ကူးမှုနဲ့ တရားစွဲထားပါပြီ။ ဒီ ကိုကင်းတွေဟာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်း တန်ဖိုးရှိပြီး မက္ကဆီကိုနိုင်ငံ အောက်ကာဆာပြည်နယ် တောင်ပိုင်း ကမ်းရိုးတန်းအတွက် တင်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ အယ်လ်ဆာဗေဒို လုံခြုံရေး အစိုးရအဖွဲ့က ပြောခဲ့ပါတယ်။

//
Up