ဗီလာရီးရဲလ်နောက်ခံလူ ပါအူတောရက်စ်ကို ခေါ်ယူရန် မန်ယူအသင်း ဆွေးနွေး

မန်ယူအသင်းဟာ ဗီလာရီးရဲလ်အသင်းက စပိန်လက်ရွေးစင်နောက်ခံလူ ပါအူတောရက်စ်ကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
နည်းပြတန်ဟတ်ဂ်ဟာ ဘောလုံးပေးပို့မှု ကောင်းမွန်တဲ့ ဗဟိုနောက်ခံလူ တဦးခေါ်ဖို့ ဆန္ဒရှိတာကြောင့် စပိန်လက်ရွေးစင်နောက်ခံလူ ပါအူတောရက်စ်ကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဗီလာရီးရဲလ် အသင်းဘက်ကတော့ ပါအူတောရက်စ်အတွက် ယူရိုသန်း ၅၀ သတ်မှတ်ထားပြီး ယူနိုက်တက်ဘက်က ဦးစားပေးပစ်မှတ်အနေနဲ့ သတ်မှတ်ထားလို့ မဖြစ်မနေခေါ်ယူ ဖို့ရှိတယ်လို့ စပိန်သတင်းစာမာကာက ဖော်ပြခဲ့ပါတယ်။
ယူကေသတင်းစာ Express ကတော့ ကစားသမားရဲ့အေးဂျင့်တွေဖြစ်တဲ့ တာရက်ဂါနဲ့ ဖော်ရက်စ်တို့ဟာ ဒီတစ်ပတ်အတွင်းမှာပဲ မန်ချက်စတာကိုလာပြီး အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဗီလာရီးရဲလ် အသင်းဟာ အခုနှစ်ရာသီမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့ပေမယ့် လာမယ့်နှစ်မှာ ယူရိုကွန်းဖရန့်လိဂ်ပြိုင်ပွဲသာ ကစားခွင့်ရခဲ့လို့ နောက်ခံလူ ပါအူတောရက်စ်ဘက်ကလည်း အသင်းပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။