အိန္ဒိယတွင် ဓာတုစက်ရုံပေါက်ကွဲပြီး လူ ၁၀ ဦးထက်မနည်း သေဆုံး

4
အိန္ဒိယမြောက်ပိုင်း၊ ဟာပူရ်ခရိုင်က ဓာတုစက်ရုံတရုံမှာ ဇွန် ၄ ရက်က ပေါက်ကွဲလို့ လူ ၁၀ ယောက်ထက် မနည်း သေဆုံးပြီး အယောက် ၂၀ ကျော် လောက်ဒဏ်ရာရပါတယ်။
မြို့တော်နယူးဒေလီနဲ့ ကီလို ၆၀ အကွာက ဒူလာနာမြို့အတွင်း စက်ရုံ ဘွိုင်လာအိုး ပေါက်ကွဲလို့ ခုလိုဖြစ်တာလို့ ရဲပြောခွင့်ရ စူရန်ဒရာ ဆင်းဂ်က ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ စလုပ်နေပြီ လူတချို့ ဒဏ်ရာပြင်းထန်လို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆ ဖြစ်နေကျပါ။ အစိုးရအရာရှိတွေက စစ်ဆေးမှု လျော့ရဲသလို လူတွေက ဘေးကင်းရေး စံသတ်မှတ်ချက်တွေကို လိုက်နာမှု အားနည်းတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။