လီဗာပူးတိုက်စစ်မှူး အော်ရီဂီ အသင်းပြောင်းရွေ့မည်

5
လီဗာပူးရှေ့တန်းကစားသမား ဒီဗော့အော်ရီဂီဟာ အသင်းနဲ့ စာချုပ်သက်တမ်း ပြည့်သွားတဲ့ အတွက် ဒီလကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ်လို့ ကလပ်က အတည်ပြုပါတယ်။
လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်မှာ ဆက်ကစားမယ့် အသင်းသား စာရင်းကိုလည်း လီဗာပူးအသင်းက ထုတ်ပြန်ထားပါတယ်။
အော်ရီဂီဟာ ၂၀၁၉ ခုနှစ်မှာ လီဗာပူးအသင်း ချန်ပီယံ ဖြစ်အောင်အဓိက စွမ်းဆောင်ပေးခဲ့တဲ့ ရှေ့တန်းကစားသမားတယောက်တွေထဲက တယောက်ဖြစ်ပါတယ်။
အသင်းမှာ ကစားခဲ့တဲ့ သက်တမ်းတလျှောက်မှာ ပွဲပေါင်း ၁၇၅ ပွဲ ကစားခဲ့ပြီး ၄၁ ဂိုး သွင်းပေးခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် အော်ရီဂီဟာ အေစီမီလန်အသင်းကို ပြောင်းရွှေ့မယ်လို့ မီဒီယာတွေမှာ ရေးသားဖော်ပြနေကြပါတယ်။