ကမ္ဘာကျော် ကိုပါကာဘာနာကမ်းခြေတွင် ကမ္ဘာ့သမုဒ္ဒရာများနေ့ အထိမ်းအမှတ်ပွဲကျင်းပ

5
ဘရာဇီးနိုင်ငံရှိ ကမ္ဘာကျော် ကိုပါကာဘာနာကမ်းခြေမှာ တက်ကြွလှုပ်ရှားသူတွေဟာ ဇွန် ၈ ရက်က စုရုံးခဲ့ကြပြီး ကမ္ဘာ့သမုဒ္ဒရာများနေ့အထိမ်းအမှတ်ပွဲမှာ ပူးပေါင်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ထောင်နဲ့ချီတဲ့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေ စေတနာ့ဝန်ထမ်းတွေဟာ ကမ်းခြေမှာရှိတဲ့ အဓိကကျတဲ့နေရာတွေမှာ စုပေါင်းအမှိုက်ကောက်တာတွေလည်းပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုဟာ သမုဒ္ဒရာတွေကို ကျေးဇူးတင်ဖို့နဲ့ လူ့အဖွဲ့အစည်းက သမုဒ္ဒရာတွေ အပေါ် ဘယ်လို အဖျက်သဘော သက်ရောက်နေတယ်ဆိုတာ ပိုပြီးသတိထားမိ လာစေဖို့ နည်းလမ်းတခုလို့ ပွဲစီစဉ်သူ ဖိလစ်ပ် ဒါကို့စ်တာက ပြောပါတယ်။
ဒီပွဲကို ၂၀၁၉မှာ ကျင်းပချိန်က လူအယောက် ၁၅၀၀၀ လောက်ပါဝင်ခဲ့ကြပြီး အမှိုက်သရိုက် အပိုင်းအစ ၁၁၁,၀၀၀ ပြန်ကောက်ယူခဲ့ကြပါတယ်။