close

ယူကရိန်းစစ်တပ်အတွက် ရန်ပုံငွေရှာသည့် ၆ နှစ်အရွယ်မိန်းကလေး

ယူကရိန်းနိုင်ငံအလယ်ပိုင်း ဒီနီပရိုမြို့မှာ အသက် ၆ နှစ်အရွယ် မိန်းကလေး ဆိုလိုမီယာ ရုသ်ဟာ အသံဖမ်းစက်ဖွင့်ရင်း ရုရှားတပ်တွေကို ခုခံနေတဲ့ ယူကရိန်းစစ်တပ်အတွက် ရန်ပုံငွေရှာနေတဲ့ ရုပ်သံတခု လူမှုကွန်ယက် မီဒီယာပေါ် ရောက်လာပါတယ်။

ဂါဝန်ဖြူဝတ်ပြီး ယူကရိန်းအလံကိုခြုံထားတဲ့ မိန်းကလေးဟာ ယူကရိန်း သံစုံတီးဝိုင်း ကာလုရှ်က ယူရိုဗီးရှင်းပြိုင်ပွဲမှာ အနိုင်ရထားတဲ့ သီချင်း စတေဖာနီယာကိုဖွင့်ရင်း ဖျော်ဖြေခဲ့တာပါ။ အနားကဖြတ်သွားတဲ့သူတွေက ဆိုလိုမီယာရဲ့ ငွေသေတ္တာထဲကို အလှူငွေတွေ ထည့်သွားခဲ့ကြပါတယ်။

သူရလာတဲ့ငွေတွေကို ရှေးဦးသူနာပြုပစ္စည်းတွေ၊ ကျည်ကာအင်္ကျီတွေ၊ ဒရုန်းတစင်း၊ ခရီးဆောင် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေးကိရိယာ၊ ထမ်းစင်တွေ၊ စောင်တွေနဲ့  ဆေးဝါးတွေ ဝယ်ယူပြီး ယူကရိန်းစစ်တပ်ကို ပေးအပ်သွားမယ်လို့ မိန်းကလေးရဲ့မိခင် ကေစန်ယာ ရုသ်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

//
Up