close

ပုဏ္ဏားကျွန်း ထွေအုပ်ရုံးရှေ့ ပစ်ခတ်မှုဖြစ်ပြီး စျေးကြီးပိတ်လိုက်ရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ ထွေအုပ်ရုံးရှေ့မှာ ဇွန်လ ၁၆ ရက်  ဒီနေ့ မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး  စျေးကြီးပိတ်လိုက်ရကာ တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ပုဏ္ဏားကျွန်းမြို့စျေးသည်တစ်ဦးက “ထွေအုပ်ရုံးထဲက သေနတ်သံ ၃ ချက်ထွက်ပေါ်လာတယ်။ ဆက်တိုက် ၅၅၀ တပ်ရင်းထဲကလည်း သေနတ်သံတွေထွက်ပေါ်လာတယ်။ လူတွေက ထိတ်လန့်ပြီး စျေးလည်းပိတ်လိုက်တယ်”လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ လက်ရှိ ထွေအုပ်ရုံးရှေ့မှာ ရဲကား၊ စစ်ကားတွေ လုံခြုံရေးအပြည့်ချထားပြီး လမ်းမတွေပေါ်မှာ လူအသွားအလာကင်းရှင်းနေပါတယ်။

ဒေသခံတဦးက “ဘာဖြစ်တာလဲတော့ မသိသေးဘူး။ သေနတ်သံတွေထွက်ပေါ်ပြီး ထွေအုပ်ရုံးရှေ့မှာ လုံခြုံရေးအပြည့် ချထားတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ထွေအုပ်အရာရှိတယောက်ကို ရက္ခိုင့်တပ်တော်(အေအေ)က  ဖမ်းဆီးသွားတယ်လို့ သတင်းထွက်ပေါ်နေပေမဲ့  အတည်ပြုလို့တော့ မရသေးပါဘူး။

//
Up