close

တူရကီမောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုကြောင့် ကာဒစ်စတန်အလုပ်သမားပါတီဝင် ၄ ဦး သေဆုံး

အီရတ်နိုင်ငံ ကာဒစ်စတန်ဒေသမှာ ဇွန် ၁၇ ရက်က တူရကီမောင်းသူမဲ့လေယာဉ်တစီးက ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ကာဒစ်စတန်အလုပ်သမားပါတီ (PKK) ၀င် လေးဦး သေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်ကာဒစ်စတန်အကြမ်းဖက်မှု တန်ပြန်ရေးဌာနက ပြောကြားခဲ့ပါတယ်။ 

မနက် ၆ နာရီလောက်က မြောက်ပိုင်း ဆူလေမာနီယာ Sulaymaniyah ပြည်နယ် ကယ်လာ Kalar မြို့ရှိ လူ ၅ ဦး လိုက်ပါလာတဲ့ ဂျစ်ကားကို ထိမှန်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

၅ ယောက်မြောက် ခရီးသည်ကတော့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ 

သေဆုံးသူတွေဟာ တူရကီ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းထားတဲ့ ကာဒစ်စတန် အလုပ်သမားများပါတီ (PKK) မှ စစ်သွေးကြွတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

//
Up