အစ္စရေးနိုင်ငံ လွတ်လပ်ရေးနေ့က တိုက်ခိုက်မှုဖြစ်ပြီး အနည်းဆုံး လူ ၃ ဦး သေဆုံး

အစ္စရေးနိုင်ငံ အာလတ်မြို့မှာ မေ ၅ ရက်က အနည်းဆုံး လူ ၃ ယောက် အသတ်ခံလိုက်ရတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။
အစ္စရေးနိုင်ငံ လွတ်လပ်ရေးနေ့မှာ ဖြစ်သွားတဲ့ တိုက်ခိုက်မှုဟာ ပါလက်စတိုင်းတွေ လက်ချက် ဖြစ်မယ်လို့ ရဲက သံသယရှိနေတာပါ။
တိုက်ခိုက်သူတွေဟာ ပုဆိန်တွေကို အသုံးပြုသွားတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။
လူသတ်မှု ကျူးလွန်သူတွေကို ခြေရာခံဖို့ ရဲတပ်ဖွဲ့က လမ်းတွေကိုပိတ်ပြီး ရှာဖွေနေတဲ့ မှတ်တမ်းဗွီဒီယိုကိုလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အာလတ်မြို့ဟာ အစ္စရေးမြို့တော် တယ်လ်အဗစ်မြို့ကနေ ၉ မိုင်လောက်အကွာမှာ တည်ရှိတဲ့မြို့ပါ။
ရဲတပ်ဖွဲ့က တရားခံကို ရှာဖွေနေချိန်မှာ ပြည်သူတွေ ကိုယ့်အိမ်ထဲမှာ နေကြဖို့ မြို့တော်ဝန်က တိုက်တွန်းထားပါတယ်။
ကျန်းမာရေးဌာနကတော့ လူ ၃ ယောက် သေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ ၂ ယောက်ကို ဆေးကုသမှု ပေးနေတယ်လို့ ပြောပါတယ်။