close

အစင်ကျေးရွာတံတားအနီး ပျူစောထီးနှင့်ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရ

မွန်ပြည်နယ်  ရေးမြို့နယ် အစင်ကျေးရွာအဝင်ရွာတံတားမှာ ဇွန် ၂၇ ရက်မနက်က ရေးဘီးလူး အဖွဲ့သားတွေရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီရဲ့ လက်ပါးစေ ပျူစောထီးနဲ့  ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ပြီး သေနတ် ၃ လက်ပါ ရယူနိုင်ခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူ့စစ်ဆိုပြီး  ဆိုင်ကယ်နဲ့ကားတွေကို ပိုက်ဆံကောက်ခံလေ့ရှိတာကြောင့် အခုလို ပစ်ခတ်ခံရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအပြီးမှာ အစင်ကျေးရွာထိပ်တံတားကို စစ် ကောင်စီတပ်တွေ လုံခြုံရေး တင်းကျပ်ထားကာ မြို့အဝင်အထွက်အားလုံးကို ပိတ်ဆို့ထားလိုက်ပြီး မသင်္ကာတဲ့သူတွေကိုလည်း စစ်ဆေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်ခံရတာနဲ့ပက်သက်ပြီး စစ်ကောင်စီတပ်ဘက်က သတင်းထုတ်ပြန်နိုင်ခြင်းမျိုး မရှိသေးပါဘူး။

//
Up