close

ဂျပန်တွင် လျှပ်စစ်ဓာတ်အားမပြတ်စေရေး တိုကျိုမြို့ရှိ ရုံးအချို့ အမှောင်ချထား

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြို့တော်ရဲ့အပူဆုံး ဇွန်လကာလမှာ  ဓာတ်အားပြတ်တောက်မှု ရှောင်ရှားနိုင်ရေး လျှပ်စစ်ဓာတ်အားချွေတာတဲ့အနေနဲ့  ဇွန် ၃၀ ရက်က အစိုးရရုံးတွေကို အမှောင်ချထားခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက ဝန်ထမ်းတွေဟာ လျှပ်စစ်ဓာတ်အား သက်သာစေဖို့ သူတို့ရဲ့ရုံးခန်းအတွင်း မီးတွေကို တစိတ်တပိုင်း ပိတ်ထားလိုက်ကြပြီး တိုကျိုဒေသအတွက် ဓာတ်အားထုတ်လုပ်နိုင်မှု အရန်ပမာဏ နည်းပါးနေချိန် နေ့ခင်းဘက်မှာလည်း ဓာတ်လှေခါး ဆယ်ခုထဲက လေးခုကို ပိတ်ထားခဲ့ပါတယ်။

ဇွန် ၃၀ ရက်က ဂျပန်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုင်းဟာ ဝန်အားမနိုင်မနင်းဖြစ်ပြီး ပေါက်ကွဲထွက်သံလို ကြားခဲ့ရတာကြောင့် မထင်မှတ်ဘဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပိတ်လိုက်ရတာပါ။

တိုကျိုဘူတာရဲ့အပြင်ဘက် အပူချိန်ဟာ နေ့ခင်း ၁ နာရီအချိန်မှာ ၃၈ ဒီဂရီစင်တီဂရိတ် နီးပါးထိ ရောက်ရှိခဲ့တာကြောင့် ရုံးဝန်ထမ်းတွေဟာ သူတို့ရဲ့အပေါ်ဝတ်စုံအင်္ကျီကို ချွတ်ပြီး လုပ်ငန်းခွင် ဝင်နေကြရပါတယ်။

စက်မှုဝန်ကြီးဌာနဟာ တိုကျိုမြို့တဝိုက်ရှိ ဒေသတွေမှာ ၄ ရက်မြောက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လျှပ်စစ်ဓာတ်အား ချွေတာဖို့၊ အပူဒဏ်ကြောင့် ဆေးရုံတက်နေရသူ များလာလို့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေမယ့် လေအေးပေးစက်ကို အတတ်နိုင်ဆုံး မသုံးစွဲကြဖို့ တိုက်တွန်းထားပါတယ်

//
Up