close

လက်တွေ့မကျသည့်မူဝါဒများက ငွေကြေးဖောင်းပွမှုကိုဦးတည်စေတယ် – ဆော်ဒီအိမ်ရှေ့မင်းသား

ကမ္ဘာ့စီးပွားရေးကို ပံ့ပိုးဖို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ကြိုးပမ်းဖို့ လိုအပ်တယ်၊ စွမ်းအင်ရင်းမြစ်တွေနဲ့ ပတ်သက်တဲ့ လက်တွေ့မကျတဲ့ မူဝါဒတွေဟာ ငွေကြေးဖောင်းပွမှုကိုသာ ဦးတည်စေတယ်လို့ ဆော်ဒီအာရေးဗီးယား အိမ်ရှေ့မင်းသား မိုဟမ်မဒ် ဘင် ဆယ်လ်မန်က ဇူလိုင် ၁၆ ရက်မှာ ပြောခဲ့ပါတယ်။

အမေရိကန်- အာရပ် ထိပ်သီးဆွေးနွေးပွဲအတွင်း မိန့်ခွန်းပြောချိန်မှာ ခုလို ပြောလိုက်တာပါ။

အဓိက စွမ်းအင်ရင်းမြစ်တွေကို ဖယ်ထုတ်ခြင်းဖြင့် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချဖို့ လက်တွေ့မကျတဲ့ မူဝါဒတွေ ချမှတ်တာဟာ လာမယ့်နှစ်တွေမှာ မကြုံစဖူး ငွေကြေးဖောင်းပွပြီး စွမ်းအင်စျေးနှုန်းတွေ မြင့်တက်လာခြင်းဆီကို ဦးတည်သွားလိမ့်မယ်လို့ သူက ပြောပါတယ်။

ကိုဗစ်-၁၉ နဲ့ ပထဝီဝင်နိုင်ငံရေးအခြေအနေဟာ ကမ္ဘာ့စီးပွားရေးကို ပံ့ပိုးဖို့ ပိုပူးပေါင်းကြိုးပမ်းဖို့ လိုအပ်သလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေက ရေရှည်တည်တံ့ခိုင်မြဲတဲ့ စွမ်းအင် ရင်းမြစ်တွေဆီကို ဖြည်းဖြည်းချင်းကူးပြောင်းဖို့ လက်တွေ့ကျပြီး တာဝန်သိတဲ့ ချဉ်းကပ်မှု လိုအပ်တယ်လို့ ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့သူနိုင်ငံရဲ့ အုပ်ချုပ်သူက ပြောခဲ့ပါတယ်။

ထိပ်သီးအစည်းအဝေးမှာ ပင်လယ်ကွေ့အာရပ်ခြောက်နိုင်ငံ၊ အီဂျစ်၊ ဂျော်ဒန်နှင့် အီရတ်တို့မှ ခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ တက်ရောက်ခဲ့ကြပါတယ်။ 

ဘိုင်ဒန်ဟာ ဂျဲ့ဒါမြို့မှာ ဇူလိုင် ၁၅ ရက်က ဆော်ဒီခေါင်းဆောင်တွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ပါသေးတယ်။

ဘိုင်ဒန်ဟာ ပင်လယ်ကွေ့ရေနံထုတ်လုပ်သူ နိုင်ငံ့ခေါင်းဆောင်တွေနဲ့  စွမ်းအင်လုံခြုံရေးကို ဆွေးနွေးမှာဖြစ်ပြီး ထုတ်လုပ်မှုမြှင့်တင်ဖို့ OPEC+ အဖွဲ့ရဲ့ လုပ်ဆောင်မှုကို ပိုမြင်တွေ့နိုင်မယ်လို့ မျှော်လင့်ကြောင်း  ပြောခဲ့ပါတယ်။

ဒါပေမယ့် ဆွေးနွေးပွဲကနေ နှစ်နိုင်ငံကြေညာချက်တွေတော့ ထွက်ပေါ်လာခြင်း မရှိခဲ့ပါဘူး။

ဆော်ဒီအာရေးဗီးယားနဲ့ သူ့ရဲ့  OPEC မိတ်ဖက်တွေဟာ ဓာတ်ဆီစျေးနှုန်းကြီးမြင့်မှုကို လျှော့ချဖို့နဲ့ ဆယ်စုနှစ်လေးစုအတွင်း အမြင့်ဆုံးအမေရိကန်ငွေကြေးဖောင်းပွမှုကို ဖြေလျှော့ပေးဖို့ ဆော်ဒီအာရေးဗီးယား အစိုးရနဲ့ သူ့ရဲ့ OPEC မိတ်ဖက်အဖွဲ့အစည်းတွေ ရေနံပိုထုတ်ဖို့ အမေရိကန်က စိတ်အားထက်သန်နေပါတယ်။ 

//
Up