close

လောင်စာဆီဈေးတက်ပြီး ငွေကြေးဖောင်းပွမှုကြောင့် ပါကစ္စတန်အစိုးရကို ပြည်သူများဆန္ဒပြ

ပါကစ္စတန်နိုင်ငံမှာ လောင်စာဆီဈေးတက်ပြီး နောက်ဆက်တွဲ ငွေကြေးဖောင်းပွမှုလည်း မြင့်တက်လာတာကိုဆန့်ကျင်တဲ့အနေနဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေဟာ ဇွန်လ ၃ ရက်က လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။ 

လက်ရှိအစိုးရကို ဆန့်ကျင်ဆန္ဒပြကြဖို့ ပါကစ္စတန်နိုင်ငံသားတွေကို ဝန်ကြီးချုပ်ဟောင်း အီမ်ရန်ခန်းက တောင်းဆိုခဲ့ပြီးနောက်မှာ ပြည်သူတွေ အခုလို လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတာပါ။ 

အရှေ့ဘက် လာဟိုးရ်မြို့မှာ ဆန္ဒပြသူ ၄၀၀ လောက်၊ တောင်ပိုင်း ကရာချိမှာ လူအယောက် လူ ၂၀၀ ကနေ ၂၅၀ လောက်နဲ့ အစ္စလာမ်မာဘဒ်မှာ ဒါဇင်နဲ့ချီတဲ့လူတွေဟာ ငွေကြေးဖောင်းပွမှုကို ရှုတ်ချဆန္ဒပြခဲ့ကြပါတယ်။  

“ဒီအုပ်ချုပ်သူတွေကို ဖယ်ရှားပေးဖို့ ဘုရားသခင်ထံ ဆုတောင်းပါတယ်”လို့ ကရာချိက ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

“အစိုးရက ဓာတ်ဆီစျေးကြီးပြီး သာမန်လူ လက်လှမ်းမမီအောင် လုပ်တယ်။  ဓားပြတိုက်ရမလား …သတ်သေရမလား” လို့ လာဟိုးရ်က ဆန္ဒပြသူ မာဒီဟာ အူမယ်ရ်က ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ပါကစ္စတန်နိုင်ငံမှာ ကုန်ဈေးနှုန်းက ၂၀  ရာခိုင်နှုန်းလောက် မြင့်တက်လာခဲ့ပါတယ်။

ဘဏ္ဍာရေးလိုငွေပြမှုကို လျှော့ချဖို့ပါကစ္စတန်ဟာ လောင်စာဆီ အထောက်အပံ့တွေကို ဖယ်လိုက်တာနဲ့ ရန်ပုံငွေဒေါ်လာ သန်း ၉၀၀ ကျော်ကို ရရှိနိုင်မယ့် သဘောတူညီချက်တစ်ရပ်ကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့  ပါကစ္စတန်အစိုးရတို့အကြား ရရှိခဲ့ပါတယ်။ 

//
Up