close

သီရိလင်္ကာသမ္မတသစ် ရွေးချယ်ရန် ပါလီမန်တွင် ဆန္ဒမဲပေး

သီရိလင်္ကာလွှတ်တော်အမတ်တွေဟာ ဇူလိုင် ၂၀ ရက်က လုံခြုံရေး တင်းကျပ်မှုတွေကြားမှာပဲ နောက်တက်လာမယ့် သမ္မတသစ်ကို ပြိုင်ဘက် ၃  ယောက်ထဲကနေ ရွေးချယ်ဖို့ ပါလီမန်မှာ ဆန္ဒမဲပေးနေကြပါတယ်။

ခေါင်းဆောင်သစ်ဟာ ပြိုယိုင်လဲကျနေတဲ့ တိုင်းပြည်ရဲ့စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းကို ဆွဲတင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ 

သမ္မတလောင်း ဝင်အရွေးခံနေတဲ့ လက်ရှိ ယာယီသမ္မတ တာဝန်ယူပေးနေတဲ့ လက်ရှိဝန်ကြီးချုပ် ရာနီးလ်ဝစ်ကရာမက်ဆင်းဂ် သီရိလင်္ကာနိုင်ငံသားအများအပြားက ကန့်ကွက်နေကြပြီး သူသာ အနိုင်ရခဲ့ရင် လနဲ့ချီပြီး လောင်စာဆီ၊ အစားအစာနဲ့ ဆေးဝါးတွေ ပြတ်တောက်မှု ဆိုးရွားပြင်းထန်ခဲ့လို့ အာဏာရအထက်တန်းလွှာကို ဒေါသထွက်နေတဲ့ ပြည်သူတွေက ဆန္ဒပြမှုတွေ ပိုဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။

တခြားအဓိကသမ္မတလောင်းဖြစ်တဲ့ အာဏာရပါတီအမတ် ဒါးလာ့စ်အလာဟေ့ပ် ပေရူမာ ကိုတော့ ဆန္ဒပြသူတွေနဲ့ အတိုက်အခံတွေအတွက် ပိုလက်ခံနိုင်ဖွယ် ရှိပေမယ့် ထိပ်တန်းအဆင့် အစိုးရအုပ်ချုပ်မှု အတွေ့အကြုံ မရှိဘူးလို့ ဆိုပါတယ်။

တတိယသမ္မတလောင်း အရူနာကူမာရာဒစ်ဆနာယာကာကတော့ အဖွဲ့ဝင် ၂၂၅ ဦး ရှိတဲ့ ပါလီမန်မှာ နေရာ ၃ နေရာသာ ရရှိထားတဲ့ လက်ဝဲယိမ်း ဂျနတ်တဝိမုတ်တိ ပေရာမူနာ ပါတီရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်ဟောင်းနဲ့ သမ္မတဟောင်းဖြစ်သူ မဟင်ဒါရာဂျာပက်ဆာရဲ့ ညီအစ်ကို တဦးကတော့ ပါလီမန်အဖွဲ့ဝင်တွေအဖြစ် သမ္မတ မဲပေးရွေးချယ်ပွဲကို သူတို့ရဲ့တူဖြစ်သူနဲ့ အတူ တက်ရောက်ခဲ့ကြပါတယ်။

မဲပေးတဲ့လုပ်ငန်းစဉ်ကတော့ သမ္မတအဖြစ် အနိုင်ရ ရွေးချယ်ခံရသူကို ကြေညာဖို့ နာရီပေါင်းများစွာ ကြာဦးမှာ ဖြစ်ပါတယ်။ 

//
Up