close

လွှတ်တော်အမတ် ဒင်းနစ်ဂန်နာဝါဒီနာကို သီရိလင်္ကာဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည်

သီရိလင်္ကာသမ္မတသစ်က ဝါရင့်လွှတ်တော်အမတ် ဒင်းနစ် ဂန်နာဝါဒီနကို ဝန်ကြီးချုပ်အဖြစ်   ခန့်အပ်ဖို့ ရှိပါတယ်။ 

ဇူလိုင် ၂၁ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ သမ္မတ ရာနေးလ်ဝစ်ကရာမန်ဆင်းဂ်က ဇူလိုင် ၂၂ ရက် အစိုးရအစည်းအဝေးမှာ ဝါရင့်နိုင်ငံရေးသမား ဂန်နာဝါဒီနာကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မယ်လို့ နိုင်ငံရေး သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းက ရေးပါတယ်။

ဂန်နာဝါဒီနာဟာ သီရိလင်္ကာမှာ ထင်ရှားတဲ့ နိုင်ငံရေးမျိုးရိုးကနေ ဆင်းသက်လာသူ ဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။  

အသက် ၇၃ နှစ်အရွယ် ဂန်နာဝါဒီနာဟာ သိရီလင်္ကာလွတ်လပ်ရေးတိုက်ပွဲမှာ ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဖိလစ်ဂန်နာဝါဒီနာရဲ့ သားဖြစ်ပြီး ၁၉၈၃ ခုနှစ်မှာ လွှတ်တော်အမတ် တယောက်အနေနဲ့ နိုင်ငံရေးထဲ ဝင်ရောက်လာခဲ့ပါတယ်။‌

သီရိလင်္ကာနိုင်ငံရေးမှာ သူဟာ အရေးကြီးတာဝန်တွေ၊ အရေးကြီးဝန်ကြီးဌာနတွေမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံရှိခဲ့ပြီး လက်ရှိလည်း သီရိလင်္ကာ လွှတ်တော်ရုံးရဲ့ အကြီးအကဲ လည်း ဖြစ်ပါတယ်။ 

//
Up