close

အပစ်ရပ်ရေး မဖြစ်နိုင်ဟု ယူကရိန်းသမ္မတပြော

ရုရှားနဲ့ယူကရိန်းအစိုးရတို့ ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ဆန်စပါးတင်ပို့ရေး လမ်းဖွင့်ပေးဖို့ လက်မှတ်ထိုးခဲ့ကြပေမယ့် နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ကတော့ အလှမ်းဝေး နေဆဲပါ။  

ယူကရိန်း သမ္မတ ဇလန်းစကီက ဇူလိုင် ၂၂ ရက်မှာ လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်ကို ချီးကျူးပေမဲ့ နယ်မြေအများအပြားမှာ တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်နေလို့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်မသိမ်းရင် အပစ်အခတ်ရပ်စဲရေး မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ရုရှားရဲ့ ပင်လယ်နက်ရေယာဉ်စုက ယူကရိန်းဆိပ်ကမ်းတွေကို ပိတ်ဆို့ထားလို့ စပါးတန်ချိန် သန်းပေါင်းများစွာ ပိတ်မိနေတာပါ။ 

ဒီ သဘောတူညီချက်ဟာ ယူကရိန်းရဲ့ အဓိက ဆိပ်ကမ်း (၃) ခုဖြစ်တဲ့ အိုဒက်ဆာ၊  ချာရ်နိုမော့စ်ခ် နဲ့ ယုဇ်နီတို့ကနေ စားနပ်ရိက္ခာ တင်ပို့မှုကို လမ်းဖွင့်ပေးတာလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က  တူရကီနိုင်ငံရဲ့ မြို့တော် အစ္စတန်ဘူလ်က လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ပြောပါတယ်။

ရုရှားအစိုးရကလည်း ရုရှားနိုင်ငံက ထွက်တဲ့ စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာတင်ပို့မှု နှေးကွေးနေရ တာ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်လို့ အပြစ်တင်ပါတယ်။

ယူကရိန်း အကျပ်အတည်းအတွက် တာဝန်ယူဖို့ကိုလည်း ရုရှားအစိုးရက ငြင်းဆိုထားပါတယ်။

//
Up