ဒီဘားလားဟာ ရိုးမားကို ဆွဲတင်နိုင်သည့် ကစားသမားဖြစ်ဟု ကာပယ်လိုပြော

ရိုးမားအသင်းကို ဂျူဗင်တပ်စ်ကဲ့သို့ အဆင့်အတန်းမျိုးရောက်အောင် ဒီဘားလား စွမ်းဆောင်ပေးနိုင်မယ်လို့ အီတလီဝါရင့်နည်းပြဟောင်း ကာပယ်လိုက ပြောပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီကုန်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ရိုးမားအသင်းဟာ ဒီဘားလားကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူကာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ဒီဘားလား ရောက်လာတာကြောင့် ရိုးမားအသင်းမှာ စီးရီးအေချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်လာမှာဖြစ်ကြောင်းနဲ့ ဒီဘားလားဟာ ရိုးမားအသင်းကို ဂျူဗင်တပ်စ်အသင်းလို အဆင့်အတန်းမျိုးရောက်အောင် စွမ်းဆောင်ပေးနိုင်မှာဖြစ်ကြောင်း ကာပယ်လိုက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီဘားလားကို ခေါ်ယူလိုက်နိုင်တာကြောင့် သူတို့ဟာ စီးရီးအေမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်ပြီ ဖြစ်ကြောင်း ဒီဘားလားက ရိုးမားအသင်းကို နောက်တစ်ဆင့်ရောက်အောင် ဆွဲတင်နိုင်တဲ့ ကစားသမားမျိုးဖြစ်တယ်လို့လည်း ကာပယ်လိုက ပြောပါတယ်။