close

ရိုးမား

close

August 11, 2022

ဇာနီအိုလိုအတွက် ရိုးမားနှင့် စပါး သဘောတူညီမှု ရခဲ့သော်လည်း နည်းပြမော်ရင်ညို လက်မခံ

အီတလီတိုက်စစ်ကစားသမား ဇာနီအိုလိုကို ခေါ်ယူဖို့ စပါးအသင်းက သဘောတူညီမှု ရခဲ့ပေမဲ့ ရိုးမားနည်းပြ မော်ရင်ညိုက လက်မခံခဲ့ဘူးလို့ သိရပါတယ်။

စပါးနည်းပြ ကွန်တီဟာ ရိုးမားအသင်းမှာ ခြေစွမ်းပြနေတဲ့ ဇာနီအိုလိုကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး နှစ်သင်းကြားမှာလည်း သဘောတူညီမှု ရခဲ့ပါတယ်။

ဒါပေမဲ့ ရိုးမားနည်းပြ မော်ရင်ညိုက ကြားဖြတ်တားဆီးမှုကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာလို့ အီတလီသတင်းတွေမှာ ဖော်ပြပါတယ်။

စပါးအသင်းဘက်ကတော့ နည်းပြမော်ရင်ညိုကို ဖျောင်းဖျနိုင်ဖို့အတွက် ကွင်းလယ်လူ အန်ဒွန်ဘီလီကို အလိုက်ပေးပြီး ကမ်းလှမ်းမယ်လို့ ကော်ရီယာဒယ်လိုစပေါ့က ဖော်ပြပါတယ်။

ပြင်သစ်လက်ရွေးစင်ဟောင်း အန်ဒွန်ဘီလီဟာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပေမဲ့ လိုင်ယွန်အသင်းဆီကို အငှားပြန်ကစားခဲ့ရတာပါ။ စပါးအသင်းဟာ အန်ဒွန်ဘီလီကို မက်လုံးတခုအနေနဲ့ ထည့်သွင်းကမ်းလှမ်းမယ်ဆိုရင် မော်ရင်ညိုအနေနဲ့ ဇာနီအိုလိုကို လက်လွှတ်ပေးဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

45 mins Ago

July 25, 2022

ဒီဘားလားဟာ ရိုးမားကို ဆွဲတင်နိုင်သည့် ကစားသမားဖြစ်ဟု ကာပယ်လိုပြော

ရိုးမားအသင်းကို ဂျူဗင်တပ်စ်ကဲ့သို့ အဆင့်အတန်းမျိုးရောက်အောင် ဒီဘားလား စွမ်းဆောင်ပေးနိုင်မယ်လို့   အီတလီဝါရင့်နည်းပြဟောင်း ကာပယ်လိုက ပြောပါတယ်။ 

အသက် ၂၈ နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားဟာ  ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီကုန်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ရိုးမားအသင်းဟာ  ဒီဘားလားကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူကာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ 

ဒီဘားလား ရောက်လာတာကြောင့် ရိုးမားအသင်းမှာ စီးရီးအေချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်လာမှာဖြစ်ကြောင်းနဲ့ ဒီဘားလားဟာ ရိုးမားအသင်းကို ဂျူဗင်တပ်စ်အသင်းလို အဆင့်အတန်းမျိုးရောက်အောင် စွမ်းဆောင်ပေးနိုင်မှာဖြစ်ကြောင်း  ကာပယ်လိုက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

ဒီဘားလားကို ခေါ်ယူလိုက်နိုင်တာကြောင့် သူတို့ဟာ စီးရီးအေမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်ပြီ ဖြစ်ကြောင်း  ဒီဘားလားက ရိုးမားအသင်းကို နောက်တစ်ဆင့်ရောက်အောင် ဆွဲတင်နိုင်တဲ့ ကစားသမားမျိုးဖြစ်တယ်လို့လည်း ကာပယ်လိုက ပြောပါတယ်။ 

2 weeks Ago
Up