ဟာလန်း ဂိုးသွင်းခွင့်များလွဲချော်ခဲ့သည့်အပေါ် စိုးရိမ်စရာမရှိကြောင်း ဂွါဒီယိုလာပြော

လီဗာပူးလ်နဲ့ပွဲစဉ်မှာ တိုက်စစ်မှူးသစ်ဟာလန်းက ဂိုးသွင်းခွင့်တွေလွဲချော်ခဲ့ပေမယ့် စိုးရိမ်စရာမရှိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာကပြောပါတယ်။
ဟာလန်းကို တိုက်စစ်မြှားဦးမှာ ပွဲထွက်ကစားစေခဲ့တဲ့ မန်စီးတီးဟာ လီဗာပူးလ်နဲ့ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲမှာ ၂ ဂိုး၁ဂိုးနဲ့ရူံးနိမ့်ခဲ့တာပါ။
အဲဒီပွဲစဉ်မှာ တိုက်စစ်မှူးဟာလန်းက ဂိုးသွင်းခွင့် ၂ ကြိမ်၊ ၃ကြိမ်လောက်ရခဲ့ပေမယ့် ဂိုးမရခဲ့ဘဲ လွဲချော်ခဲ့တဲ့အပေါ်စိုးရိမ်စရာမရှိကြောင်း နည်းပြဂွါဒီယိုလာကပြောပါတယ်။
“ နိုင်ငံအသစ်၊ လိဂ်ပြိုင်ပွဲအသစ်မှာ အရှိတရား အတိုင်းမြင်တွေ့ရတာက သူ့အတွက်ကောင်းပြီး ဒီနေ့ပွဲမှာ သူဂိုးမရပေမယ့် နောက်နေ့တွေ မှာ ဂိုးရလာမှာဖြစ်ကြောင်း၊ သူလွဲချော်ခဲ့တာတွေအပေါ် စိုးရိမ်စရာမရှိဘဲ သူ့မှာ အရည်အချင်းရှိသလို ပါးရည်နပ်ရည်လည်းရှိကြောင်း လေ့ကျင့်တာ ၂ ပတ်ပဲရှိသေးကြောင်း နည်းပြ ဂွါဒီယိုလာကပြောပါတယ်။
ဟာလန်းဟာ လီဗာပူးလ်နဲ့ပွဲမှာဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ ခြေစမ်းပွဲမှာ ပွဲဦးထွက်ဂိုး သွင်း ယူပေးခဲ့ပါတယ်။