အခွန်ရှောင်မှုအတွက် အဆိုတော် ရှကီရာကို ပြစ်ဒဏ်ချမှတ်ရန် စပိန်အစိုးရရှေ့နေ တောင်းဆို

5
ကိုလံဘီယာစူပါစတား အဆိုတော် ရှကီရာရဲ့ ယူရိုငွေ ၁၄ သန်းခွဲ အခွန်လိမ်လည်မှုကိစ္စအတွက် ထောင်ဒဏ် ၈ နှစ်နဲ့ ဒဏ်ငွေ ယူရို ၂၃ သန်း (အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၅၁ သန်း) ကျော် ပေးဆောင်ဖို့ စပိန်အစိုးရရှေ့နေတစ်ဦးက တောင်းဆိုခဲ့တယ်လို့ စပိန်သတင်းစာ အယ်လ် ပိုက်စ်က ဇူလိုင် ၂၉ ရက်မှာ ဖော်ပြပါတယ်။
အစိုးရ ရှေ့နေရုံးနဲ့ ရှကီရာရဲ့ ကိုယ်စားလှယ်တွေကို မှတ်ချက်အတွက် ချက်ချင်း ဆက်သွယ်လို့ မရသေးပါဘူး။
ရှကီရာဟာ စပိန်နိုင်ငံထဲမှာမနေဘူးလို့ ပြောရင်း ၂၀၁၂ ကနေ ၂၀၁၄ ခုနှစ်ကြားမှာ အခွန်ပေးဆောင်ဖို့ ပျက်ကွက်တယ်လို့ စွပ်စွဲခံထားရပါတယ်။
သူ့ အမှုကို ပိတ်ဖို့ အစိုးရရှေ့နေရုံးက ပြေလည်ပေးမယ့် ကမ်းလှမ်းချက်ကိုလည်း ရှကီရာက အခုတစ်ပတ်ထဲမှာ ပယ်ချခဲ့ပါတယ်။