close

အမေရိကန်၌ ကျောင်းသား ၁၇ ဦးအား သတ်ဖြတ်ခဲ့သူ နီကိုလပ်စ်ခရုဇ်၏အမှု ပြစ်ဒဏ်စီရင်မည်

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ပါ့ခ်လန်းမြို့က အထက်တန်းကျောင်းမှာ ၂၀၁၈ ခုနှစ်က ကျောင်းသား ၁၇ ယောက်ကို သတ်ခဲ့တဲ့ အမျိုးသားအတွက် ပြစ်ဒဏ်စီရင်မယ့် ခုံသမာဓိ တရားသူကြီးအဖွဲ့ကို ဧပြီ ၄ ရက်မှာ စတင် ရွေးချယ်ဖို့ စီစဉ်ထားပါတယ်။

နီကိုလပ်စ် ခရုဇ်ဟာ လူသတ်မှု ၁၇ မှုအတွက် အပြစ်ရှိကြောင်း နိုဝင်ဘာလကမှ ဝန်ခံခဲ့တာပါ။ သူဟာ ထောင်ဒဏ်တသက်တကျွန်းပြစ်ဒဏ် ရမလား သေဒဏ်ရမလားဆိုတာ တရားသူကြီး အဖွဲ့က ဆုံးဖြတ်မှာပါ။

ဒီကြားနာပွဲအဆင့်ဟာ လအတော်များများ ကြာနိုင်တယ်လို့ တရားရေး ပညာရှင်တွေက ပြောပါတယ်။

ခရုဇ်ဟာ အသက် ၁၉ နှစ်အရွယ် ကျောင်းထုတ်ခံကျောင်းသားဖြစ်ပြီး လူသတ်ချိန်က စိတ်ရောဂါနဲ့ အပြုအမူဆိုင်ရာ ကိစ္စအတွက် သမိုင်းကြောင်း ရှိထားတယ်လို့ အစိုးရ ရှေ့နေတွေက မနှစ်က တရားခွင်မှာ ပြောခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ် ဥပဒေအရ၊ တရားသူကြီး တယောက်က ခရုဇ်ကို ကွပ်မျက်ဖို့ စီရင်ချက်ကို အကြံပြုချိန်မှာ တရားသူကြီးအဖွဲ့က တညီတညွတ်တည်း ဆုံးဖြတ်ရမှာပါ။

တကယ်လို့ တရားသူကြီး ၁၂ ဦးထဲက တယောက်ယောက်က တစ်စုံတစ်ရာကန့်ကွက်ခဲ့ရင် ခရုဇ်ကို လွတ်ငြိမ်းချမ်းသာခွင့်မပေးဘဲ ထောင်ဒဏ်တစ်သက်တကျွန်း ပြစ်ဒဏ် ချမှတ်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up