ဆူဒန်တွင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ဆန္ဒပြသည့် ပြည်သူများ လူစုခွဲခံရ

4
ဆူဒန်နိုင်ငံမှာ ဇူလိုင် ၃၁ ရက်က စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေက သမ္မတအိမ်တော်ဆီ ချီတက်လာရာ လမ်းမှာ ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးတွေသုံးပြီး လူစုခွဲခဲ့ပါတယ်။
မနှစ်က အောက်တိုဘာ ၂၅ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက ဆူဒန်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းဆုံးသွားခဲ့ပြီး ဒါကို မကျေနပ်လို့ ပြည်သူတွေက ဆန္ဒပြနေတာ ၁၀ ရက် ရှိနေပါပြီ။
စစ်တပ်ခေါင်းဆောင်တွေကတော့ အစိုးရသစ်တရပ်ကို ဖွဲ့စည်းပြီးရင် စစ်တပ်က စစ်တန်းလျားကို ပြန်မယ်လို့ ပြောနေပေမယ့် နိုင်ငံရေးပါတီတွေက ဒါကို မယုံကြည်ပါဘူး။
ဇူလိုင် ၃၁ ရက် ဆန္ဒပြပွဲဟာ ရက်ပေါင်းများစွာကြာတဲ့ ထိုင်သပိတ်နောက်ပိုင်း ဆက်ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေရဲ့ အဆက်ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့တွေဟာ ဆန္ဒပြသမားတွေ ချီတက်ရာ သမ္မတ အိမ်တော်ဆီ ဦးတည်တဲ့ လမ်းတလျှောက်နဲ့ လမ်းသွယ်တွေကို ပိတ်ဆိုထားတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။