အိမ်ဖြူတော်အနီး မိုးကြိုးပစ်ခံရသဖြင့် ၂ ဦး သေဆုံး

အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ သြဂုတ် ၄ ရက်က အင်အားပြင်း မိုးကြိုးမုန်တိုင်း တိုက်ခတ်မှုကြောင့် အိမ်ဖြူတော်ရဲ့ မြောက်ဘက်ရှိ လာဖှေးယက်ရင်ပြင်မှာ လူနှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။
သမ္မတ နေအိမ်နဲ့ ရုံးခန်းတွေကို ဝန်းရံထားတဲ့ ခြံစည်းရိုးနဲ့ ခပ်ဝေးဝေးက သစ်ပင်တပင်အနီးမှာ မိုးကြိုးပစ်ခံခဲ့ရတာပါ။
“မနေ့ညက လာဖှေးယက်ပန်းခြံမှာ မိုးကြိုးပစ်ခံရပြီး အသက်ဆုံးရှုံးရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်”လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karine Jean-Pierre က ဩဂုတ် ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
မိုးကြိုးပစ်ခံသူ ၄ ဦးစလုံး အသက်အန္တရာယ်စိုးရိမ်ရပြီး ဒဏ်ရာရရှိသူတွေကို နယ်မြေဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် ၂ ဦး သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူ ၂ ဦးဟာ ဝစ်ကိုဆင်မှ လာရောက်လည်ပတ်တဲ့ အသက် ၇၀ အရွယ် အိမ်ထောင်သည် စုံတွဲဖြစ်တယ်လို့ ဆိုပါတယ်။
ရာသီဥတု ဖောက်ပြန်မှုကြောင့် အမေရိကန်နိုင်ငံတဝန်း မိုးကြိုးပစ်ခံရနိုင်ခြေ တိုးလာတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။