အိန္ဒိယနိုင်ငံရှိ မြို့အချို့ ရေကြီး

3
အိန္ဒိယနိုင်ငံ မြို့တော်တော်များများမှာ ရေကြီးနေပြီး လမ်းမကြီးတွေပေါ် ကားအသွားအလာတွေ ပိတ်ဆို့နေပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်း ဂူဝါဟတ်တီမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းနေဆဲဖြစ်သလို အရှေ့ပိုင်း က ဘူဘန်နီဝါးမြို့တွေမှာ လမ်းသွားလမ်းလာတွေဟာ ဒူးလောက်နစ်ကို ဖြတ်ပြီး သွားလာနေကြ ရပါတယ်။
နိုင်ငံတောင်ပိုင်းက တီရူချီရာပါရီခရိုင်ထဲမှာ ကာဗာရီမြစ်ပေါ်က ရေကာတာ ရေလျှံလာလို့ ဖွင့်ပေးလိုက်ရပါတယ်။
အိန္ဒိယ လူဦးရေ သန်း ၁၃၀၀ ဟာ မိုးရွာမှ စိုက်ပျိုးရေးလုပ်နိုင်တဲ့ ဘဝမျိုးနဲ့ အသက်မွေးကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ မိုးများတဲ့ နှစ်တွေမှာ ရေပေးရေေ၀ စနစ်တွေ ညံ့ဖျင်းတဲ့ ဒေသတွေမှာ အခုလိုပဲ ရေဘေးနဲ့ ကြုံရလေ့ရှိပါတယ်။